play


ဖေ့စ်ဘွတ်က Page များမှတစ်ဆင့် အလုပ်ခေါ်စာများ လွှင့်တင်ကာ လျှောက်လွှာများ လက်ခံနိုင်တဲ့ အလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုအသစ်ကို စမ်းသပ်နေကြောင်း နိုဝင်ဘာ ၇ ရက်က ပြောကြားခဲ့ပါတယ်။

play


ဖေ့စ်ဘွတ်ရဲ့ ယခု ခြေလှမ်းသစ်က အလုပ်အကိုင်ရှာဖွေမှုနဲ့ ဝန်ထမ်းသစ် ခေါ်ယူခန့်ထားမှုမှာ အသုံးများနေတဲ့ LinkedIn အတွက် ဖိအားဖြစ်လာနိုင်ကြောင်း သုံးသပ်ကြပါတယ်။

play


ဖေ့စ်ဘွတ်မှာ Page များ ပြုလုပ်ထားကြတဲ့ အသေးစားလုပ်ငန်း အများအပြားက ၎င်းတို့ရဲ့ Page မှ အလုပ်ခေါ်စာ လွှင့်တင်မှုများ ရှိနေကြောင်း၊ ထိုအချက်ကို ပိုမိုအဆင်ပြေစေရန် Page Admin များ အနေဖြင့် အလုပ်ခေါ်စာ ထုတ်ပြန်ပြီး အလုပ်လျှောက်သူတွေထံမှ လျှောက်လွှာများ လက်ခံနိုင်တဲ့ ဝန်ဆောင်မှုအသစ်ကို စမ်းသပ်နေပြီလို့ ဖေ့စ်ဘွတ် ပြောခွင့်ရပုဂ္ဂိုလ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

play


လတ်တလောမှာ LinkedIn ဝက်ဘ်ဆိုက်က ၎င်းရဲ့ဝင်ငွေအများစုကို အလုပ်အကိုင်ရှာဖွေသူတွေနဲ့ ဝန်ထမ်းသစ် ခန့်ထားလိုသူတွေထံမှ ရရှိနေကြောင်း သိရပါတယ်။ ဖေ့စ်ဘွတ်က အလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုအသစ်ကို စမ်းသပ်နေကြောင်း နည်းပညာဝက်ဘ်ဆိုက် TechCrunch မှာ ပထမဆုံး ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

play


ဖေ့စ်ဘွတ်ရဲ့ အလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုကိုသုံးပြီး ကုမ္ပဏီတွေ အနေနဲ့ ၎င်းတို့ရဲ့ Page များမှာ လွှင့်တင်ထားတဲ့ အလုပ်ခေါ်စာကို အသုံးပြုသူများ ပိုမိုတွေ့မြင်နိုင်ရန် ဖေ့စ်ဘွတ်ကို အခကြေးငွေပေးပြီး ဆောင်ရွက်နိုင်မှာဖြစ်ကြောင်းလည်း TechCrunch က ဆိုပါတယ်။
Source & Photo: TechCrunch, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video