လေယာဉ်ရဲ့ ဘယ်ဖက်တောင်ပံ ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

အင်ဒိုနီးရှားအခြေစိုက် Lion Air လေကြာင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စီးဟာ ဘန်းကူလူမြို့ ဖတ်မာဝပ်တီလေဆိပ်ကနေ ဂျကာတာမြို့ကို ထွက်ခွာရန်ပြင်ဆင်နေစဉ် တိုင်တစ်လုံးကို ဝင်တိုက်မိခဲ့တဲ့ မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။

lion-air-clipped-plane-wing-2.jpg

ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၇ ရက်) က ဖြစ်ပွားခဲ့တဲ့ အဆိုပါ မတော်တဆမှုအတွင်း လေယာဉ်ရဲ့ ဘယ်ဖက်တောင်ပံ ထိခိုက်ပျက်စီးသွားခဲ့ပြီး Batik Air လေကြောင်းလိုင်းအပါအဝင် လေကြောင်းခရီးစဉ်တွေ နှောင့်နှေးခဲ့ရကြောင်း ဒေသခံမီဒီယာတွေက ပြောပါတယ်။

Irsan Hidayat အမည်ဖြင့် Facebook အသုံးပြုသူတစ်ဦး တင်ထားတဲ့ဓာတ်ပုံတွေအရ လေယာဉ်ရဲ့ ဘယ်ဖက်တောင်ပံမှာ ကြီးမားတဲ့ အပျက်အစီးဖြစ်ပေါ်နေခဲ့ပြီး ခရီးသည်တွေကိုလည်း လေယာဉ်အနီးမှာ တွေ့ရပါတယ်။



မတော်တဆမှုဖြစ်ပြီးနောက် Lion Air လေကြောင်းခရီးစဉ် JT633 နဲ့ လိုက်ပါလာမယ့် ခရီးသည် ၁၄၃ ဦးကို ဂျကာတာသို့ ပို့ဆောင်ပေးရန် နောက်ထပ် လေယာဉ်တစ်စီး စီစဉ်ပေးခဲ့ကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူကို ကိုးကားပြီး CNN Indonesia က ဖော်ပြပါတယ်။

ယခုဖြစ်ရပ်ဟာ Lion Air လေကြောင်းလိုင်းအတွက် ၁၀ ရက်အတွင်း ဒုတိယမြောက် လေယာဉ်မတော်တဆမှုလည်း ဖြစ်လာခဲ့ပါတယ်။

JT610 လေယာဉ်ပျက်ကျမှုမှ အပျက်အစီးနဲ့ အလောင်းများကို ပြန်ရှာတွေ့ခဲ့စဉ်



ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှာ ဂျကာတာကနေ ထွက်ခွာပျံသန်းတဲ့ Lion Air လေကြောင်းလိုင်းရဲ့ လေကြောင်းခရီးစဉ် JT610 လေယာဉ်ဟာ ပင်လယ်ထဲကို ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ ၁၈၉ ဦးအနက် အသက်ရှင်ကျန်ရစ်သူ ရှာမတွေ့ခဲ့ပါဘူး။

Share

Loading Next Article...
က္က