AD
AD
AD

မလေးရှားအစိုးရက သတင်းတုတွေကို တိုက်ဖျက်ရန်အတွက် သတင်းတုဖြန့်ချိသူများအား ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေသစ်ပြဌာန်းရန် အဆိုပြုထားကြောင်း သိရပါတယ်။

play
ကွာလာလမ်ပူမြို့မှာ တွေ့ရသည့် သတင်းတုအန္တရာယ် သတိပေးထားမှု


အစိုးရရဲ့ သတင်းတုတိုက်ဖျက်ရေး ဥပဒေမူကြမ်း (Anti-Fake News Bill) အရ သတင်းတုဖြန့်ချိသူတွေဟာ ထောင်ဒဏ် သို့မဟုတ် မလေးရှားရင်းဂစ် ၅၀၀,၀၀၀ အထိ ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်ပါတယ်။ မလေးရှားအစိုးရက အဆိုပြုထားတဲ့ သတင်းတုဆိုင်ရာ ဥပဒေမူကြမ်းကို မတ်လ ၂၆ ရက် လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

လာမယ့် သီတင်းပတ်အတွင်း ပြုလုပ်သွားဖွယ်ရှိတဲ့ ရွေးကောက်ပွဲမတိုင်မီ အစိုးရက သတင်းတု ဥပဒေမူကြမ်းကို လွှတ်တော်မှာ တင်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။ ဝေဖန်သူတွေကတော့ အစိုးရရဲ့ ယခု ဥပဒေမူကြမ်းဟာ သဘေားကွဲလွဲမှုတွေကို နှိပ်ကွပ်ရန်လုပ်ဆောင်မှု ဖြစ်တယ်လို့ ပြောကြပါတယ်။

play
Shah Alam မြို့ရှိ အရောင်းဆိုင်တစ်ဆိုင်မှ သတင်းများရောင်းချသည့်နေရာ


မလေးရှားအစိုးရက တင်သွင်းထားတဲ့ ဥပဒေမူကြမ်းအရ 'သတင်း၊ အချက်အလက်၊ ကိန်းဂဏန်းနဲ့ သတင်းအကြောင်းအရာ ဖော်ပြမှုဟာ အားလုံးသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းသော် လည်းကောင်း မှားယွင်းနေပါက သတင်းတုအဖြစ် သတ်မှတ်မှာဖြစ်တယ်' လို့ သိရပါတယ်။

သတင်းတုတစ်ခုခုကို ဖန်တီးခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချိခြင်း၊ ပျံ့နှံ့စေခြင်း စတဲ့လုပ်ရပ်များ လုပ်ဆောင်သူကို ပြစ်မှုကျူးလွန်သူအဖြစ် ဥပဒေမူကြမ်းမှာ သတ်မှတ်ထားပါတယ်။

သတင်းတုတိုက်ဖျက်ရေး ဥပဒေမူကြမ်းအရ အင်တာနက်မှ ဘလော့ဂ်များ၊ ဝက်ဘ်ဆိုက်များ၊ အများပြည်သူ ဆွေးနွေးကြတဲ့ ဖိုရမ်များနဲ့ ဆိုရှယ်မီဒီယာ အကောင့်များလည်း အကျုံးဝင်သက်ရောက်ကြောင်း သိရပါတယ်။

play
မလေးရှားဝန်ကြီးချုပ် နဂျစ်ဘ် ရာဇက်ခ်


အကယ်၍ သတင်းတုဥပဒေကို ဖောက်ဖျက်ကျူးလွန်သူဟာ မလေးရှားနိုင်ငံ ပြင်ပမှာနေထိုင်သူဖြစ်ပါကလည်း ၎င်းကို မျက်ကွယ်ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း သတင်းတုဥပဒေမူကြမ်းမှာ ဖော်ပြထားပါတယ်။

မလေးရှားအစိုးရရဲ့ ယခုဆောင်ရွက်မှုဟာ အထွေထွေရွေးကောက်ပွဲမတိုင်မီ အတိုက်အခံတွေကို ဝေဖန်ပြောဆိုမှု မရှိဘဲ နှုတ်ဆိတ်နေစေရန် ကြိုးပမ်းမှုဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ မလေးရှား ရွေးကောက်ပွဲကို သြဂုတ်လမှာ ပြုလုပ်ရမှာဖြစ်ပေမဲ့ လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း ပြုလုပ်သွားဖွယ်ရှိကြောင်း ခန့်မှန်းထားကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD