AD
AD
AD

မလေးရှားနိုင်ငံမှာ အိုင်အက်စ်အဖွဲ့နဲ့ဆက်နွယ်နေပြီး တိုက်ခိုက်မှုအန္တရာယ်ရှိတဲ့ အကြမ်းဖက်သမားလေးဦးကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း သိရပါတယ်။

play
လွတ်မြောက်နေသည့် အကြမ်းဖက်သမားလေးဦး


အိုင်အက်စ်နဲ့ဆက်နွယ်နေတဲ့ အခြား အကြမ်းဖက်သမားခြောက်ဦးကို ဖေဖေါ်ဝါရီ ၂၇ ရက်နဲ့ မတ်လ ၁ ရက်အတွင်း ဂျိုဟာပြည်နယ် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်းနဲ့ လေးဦးမှာမူ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး အန္တရာယ်ရှိသူတွေ ဖြစ်တယ်လို့ ယနေ့ (ဧပြီ ၁၆ ရက်) ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။

အိုင်အက်စ်နဲ့ဆက်နွယ်နေတဲ့ အဆိုပါ အကြမ်းသမားအုပ်စုဟာ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်ပေးဆွဲသတ်ဖြတ်ရန်နဲ့ မွတ်စလင်မ်မဟုတ်တဲ့ ဘာသာရေးဆိုင်ရာ နေရာတွေမှာ တိုက်ခိုက်ရန်ကြံစည်ခဲ့တယ်လို့ ဆိုပါတယ်။

play
မလေးရှားရဲတပ်ဖွဲ့ဝင်များ


ယခုအချိန်ထိ ထွက်ပြေးလွတ်မြောက်နေသူ လေးဦးအနက် နှစ်ဦးမှာ မူဟမ်မက်ဖိုင်ဇယ် မူဟမ်မက်ဟန်နဖီနဲ့ မူဟမ်မက်ဟန်နဖီယာတို့ ဖြစ်ကြပြီး ၎င်းတို့ဟာ Kelantan မှာ နေထိုင်ကြတဲ့ မလေးရှားလူမျိုးတွေ ဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ တတိယမြောက် အကြမ်းဖက်သမားဟာလည်း မလေးရှားတစ်ဦးပင်ဖြစ်ပြီး နူရ်ဖာခန်းမိုဟ်အစ်ဆာဖြစ်ပြီး ဂျိုဟာမှာ နေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။

စတုတ္တမြောက် အကြမ်းဖက်သမားမှာ အသက် ၃၇ နှစ်အရွယ် ထိုင်းလူမျိုး Awae Wae-eya ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောထားပါတယ်။ ထွက်ပြေးလွတ်မြောက်နေတဲ့ အဆိုပါ အကြမ်းဖက်သမားလေးဦးနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်ရရှိပါက အာဏာပိုင်များထံ ဆက်သွယ်ပြောကြားကြရန် မလေးရှားရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

play
မလေးရှားရဲတပ်ဖွဲ့အကြီးအကဲ


သတင်းရရှိသူတွေ အနေနဲ့ ကွာလာလမ်ပူမြု့ Bukit Aman ရှိ ရဲတပ်ဖွဲ့ဌာနချုပ် သို့မဟုတ် ၎င်းတို့နဲ့နီးစပ်ရာ ရဲစခန်းတစ်ခုခုသို့ ဆက်သွယ်အကြောင်းကြားနိုင်တယ်လို့ ပြောထားပါတယ်။ ရဲတပ်ဖွဲ့က အကြမ်းဖက်သမားလေးဦးရဲ့ ဓာတ်ပုံတွေကိုလည်း ထုတ်ပြန်ထားကြောင်း သိရပါတယ်။

အဆိုပါ အကြမ်းဖက်သမားလေးဦးနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် ထိမ်ချန်ထားသူ သို့မဟုတ် ၎င်းတို့ကို ကူညီပေးသူဟာ ထောင်ဒဏ် ခုနစ်နှစ်မှ နှစ် ၃၀ အထိ ကျခံရနိုင်ကြောင်း မလေးရှားရဲတပ်ဖွဲ့ အကြီးအကဲ မိုဟမ်မက် ဖူဇီဟာရွန်က ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News

AD