AD
AD
AD

မြွှေတွေကိုကျွမ်းကျင်စွာ ကိုင်တွယ်တတ်တဲ့ စွမ်းရည်ကြောင့် ကျော်ကြားသူ မလေးရှားအမျိုးသားတစ်ဦးဟာ မြွှေဟောက်အကိုက်ခံရမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ မီးသတ်သမားတစ်ဦးဖြစ်တဲ့ အဘူဇာရင်ဟတ်ဆန်ရဲ့ မြွေကိုင်ကျွမ်းကျင်မှုအကြောင်းကို ဗြိတိန်လူပြိန်းကြိုက်သတင်းစာမှာ ဖော်ပြခဲ့ရာက ကျော်ကြားလာခဲ့ပါတယ်။

play


ထိုသတင်းစာမှာ အဘူဇာရင်ဟတ်ဆန်ကို ၎င်းမွေးမြူထားတဲ့ မြွေနဲ့လက်ထပ်ထားတဲ့ ထိုင်းအမျိုးသားအဖြစ် မှားယွင်းဖော်ပြခဲ့ပါတယ်။ အဘူဇာရင်က မီးသတ်ဌာနမှ အခြား မီးသတ်သမားတွေကိုလည်း မြွေတွေကို မည်သို့ကိုင်တွယ်ရမယ်ဆိုတာ သင်ကြားပြသလေ့ရှိတယ်လို့ ဆိုပါတယ်။

သို့သော် တနင်္လာနေ့ (မတ်လ ၁၂ ရက်) မှာတော့ မြွှေဖမ်းနေစဉ်အတွင်း မြွေဟောက်တစ်ကောင် အကိုက်ခံခဲ့ရပြီးနောက် အဘူဇာရင်ကို ဆေးရုံသို့ပို့ခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်။

The Star သတင်းမှာ ဖော်ပြမှုအရ Pahang မှာနေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် အဘူဇာရင်ဟာ အခြား မီးသတ်သမားတွေကို မြွှေအမျိုးအစား ခွဲခြားပုံနဲ့ မြွေကိုမသတ်ဘဲ မည်သို့ဖမ်းဆီးပုံတို့ကို မကြာခဏ သင်ကြားပြလေ့ရှိကြောင်း သိရပါတယ်။

ထို့အတူ အဘူဇာရင်က Asia's Got Talent ရုပ်မြင်သံကြား အစီအစဉ်မှာလည်း ပါဝင်ခဲ့ပြီး မြွေတစ်ကောင်ကို နမ်းပြခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်မှာ ထိုင်းနိုင်ငံမှ မီဒီယာမှာ အဘူဇာရင်အကြောင်း ဖော်ပြခဲ့ဖူးပါတယ်။

play


ထိုင်းမီဒီယာမှာ ဖော်ပြခဲ့ပြီးနောက် ဗြိတိန်နိုင်ငံမှ လူပြိန်းကြိုက်သတင်းစာတွေက အဘူဇာရင်ကို ထိုင်းအမျိုးသားတစ်ဦးဖြစ်ကြောင်းနဲ့ မြွေတစ်ကောင်ကို ၎င်းရဲ့ လူဝင်စားချစ်သူမိန်ကလေးအဖြစ် ယုံကြည်လက်ထပ်ထားသူဖြစ်ကြောင်း မှားယွင်းဖော်ပြမှုတွေ ရှိလာခဲ့ပါတယ်။

အဆိုပါ ဗြိတိန်သတင်းတွေမှာ အဘူဇာရင်ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့တဲ့ မြွေတွေနဲ့ကစားနေတဲ့ပုံတွေကို အသုံးပြုခဲ့ကြောင်း သိရပါတယ်။ အဘူဇာရင်က မြွေတွေအကြောင်းကို ပိုမိုသိရှိနိုင်ရန် နေအိမ်မှာ မြွေလေးကောင် မွေးမြူထားတယ်လို့ ဆိုပါတယ်။

"ဗြိတိန်သတင်းတွေက ကျွန်တော့် ဆိုရှယ်မီဒီယာက ပုံတွေကိုယူသုံးပြီး ကျွန်တော် မြွေတစ်ကောင်နဲ့ လက်ထပ်ထားတယ်လို့ သတင်းမှားတွေ လုပ်ကြတာပေါ့" လို့ အဘူဇာရင်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အဘူဇာရင်က ထိုသတင်းမှာတွေကြောင့် အလွန်စိတ်ပျက်ရကြောင်းလည်း ဖွင့်ဟခဲ့ဖူးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD