AD
AD
AD

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ နယူးယော့ခ်မြို့ရှိ ထရန့်တာဝါ မိုးမျှော်အဆောက်အအုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။ စနေနေ့ (ဧပြီ ၇ ရက်) နှောင်းပိုင်းက ထရန့်တာဝါရဲ့ အထပ် ၅၀ နေရာမှာ မီးလောင်မှုဖြစ်ခဲ့ပြီး မီးငြှိမ်းသတ်ခဲ့တဲ့ မီးသတ်သမားလေးဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

play


သေဆုံးသူဟာ ထရန့်တာဝါမှာ နေထိုင်သူ အသက် ၆၇ နှစ်အရွယ် Todd Brassner အမည်ရှိ အမျိုးသားဖြစ်ပြီး မီးသတ်သမားများ တွေ့ရှိချိန်မှာ သတိမေ့နေခဲ့ပါတယ်။ ၎င်းကို Mount Sinai Roosevelt ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် သေဆုံးခဲ့ကြောင်း ဆရာဝန်တွေက အတည်ပြူခဲ့ပါတယ်။ Todd Brassner ဟာ ထင်ရှားတဲ့ အနုပညာပစ္စည်း ရောင်းဝယ်သူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

play
သေဆုံးခဲ့သူ Todd Brassner ရဲ့ ယခင်က ဓာတ်ပုံတစ်ပုံ


သေဆုံးရတဲ့ အကြောင်းရင်းကို စစ်ဆေးနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ "ဒီမီးလောင်မှုက အရမ်းကို ငြှိမ်းသတ်ရခက်ခဲ့ပါတယ်၊ သိတဲ့အတိုင်းပဲ အဆောက်အအုံက တော်တော်ကြီးတယ်လေ၊ ကျွန်တော်တို့က အထပ် ၅၀ အထိတက်ပြီး မီးငြှိမ်းရပါတယ်၊ အဆောက်အအုံရဲ့ အခြား နေရာတွေမှာလည်း မီးခိုးတွေက ပျံ့နှံ့နေခဲ့တယ်" လို့ နယူယော့ခ်မြို့ မီးသတ်ဌာန (FDNY) က ပြောပါတယ်။

play


မီးငြှိမ်းသတ်ရင်း သမီးသတ်သမားနှစ်ဦး အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့ပြီး မီးကိုငြှိမ်းသတ်နိုင်ခဲ့ပြီလို့ FDNY က ဆိုပါတယ်။ ထရမ့်တာဝါ အဆောက်အအုံကနေ စနေနေ့ ညနေ ၆ နာရီဝန်းကျင်မှာ မီးခိုးများ စတင်ထွက်ရှိလာခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောခဲ့ပါတယ်။

play


မီးလောင်မှုဖြစ်တဲ့ ထရန့်တာဝါ အဆောက်အအုံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပိုင်ဆိုင်ပြီး The Trump Organization ရုံးချုပ် ဖွင့်လှစ်ထားရှိပါတယ်။ ဒါ့အပြင် ထရန့်တာဝါမှာ သမ္မတထရန့်ရဲ့ သားနှစ်ဦးဖြစ်တဲ့ ထရန့်ဂျူနီယာနဲ့ အဲရစ်တို့ရဲ့​ ရုံးခန်းတွေရှိပြီး သမီးဖြစ်သူ အိုင်ဗင်ကာရဲ့ ဖက်ရှင်ကုမ္ပဏီရုံးချုပ်လည်းရှိကြောင်း သိရပါတယ်။

play
ထရမ့်တာဝါ မီးလောင်ပြီးနောက် ဝါရှင်တန်ရှိ Trump International ဟိုတယ်မှာ တွေ့ရသည့် သမ္မတထရမ့်


ထရန့် သမ္မတမဖြစ်မီက ယခု မီးလောင်ဖြစ်တဲ့ မိုးမျှော်အဆောက်အအုံရဲ့ အပေါ်ဆုံး အထပ် ၃ ထပ်မှာ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အထပ် ၅၈ ထပ်ပါ ထရန့်တာဝါ မိုးမျှော်အဆောက်အအုံမှာ ယခုနှစ် ဇန်နဝါရီ ၈ ရက် မနက်ပိုင်းကလည်း မီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်း သိရပါတယ်။

ထိုစဉ်က မီးလောင်မှုမှာ အဆောက်အအုံခေါင်မိုးရှိ အပူအအေးပေးနဲ့ လေသန့်စင်စနစ်မှာ တပ်ဆင်ထားတဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့်ဖြစ်ကြောင်း နယူးယော့ခ်မီးသတ်တပ်ဖွဲ့က ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD