တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်မှ အမျိုးသားတစ်ဦးဟာ အိမ်သာထဲမှာ မိုဘိုင်းဖုန်းကို မိနစ် ၃၀ ကြာ ထိုင်သုံးနေခဲ့ပြီးနောက် စအိုကျွံမှုခံစားခဲ့ရပြီး ဆေးရုံရောက်ခဲ့ရတယ်လို့ ဒေသခံမီဒီယာက ဖေဖေါ်ဝါရီ ၉ ရက်မှာ ဖော်ပြခဲ့ပါတယ်။

play


ဒေသခံမီဒီယာက အမည်မဖော်ပြထားတဲ့ အဆိုပါ အမျိုးသားဟာ ဂွမ်ဒေါင်းပြည်နယ် ကျွမ်ရှန်းမြို့ရှိ ဆွန်ယတ်ဆင်တက္ကသိုလ်ဆေးရုံ အရေးပေါ်ဌာနမှာ ဖေဖေါ်ဝါရီ ၄ ရက်က ကုသမှုခံယူခဲ့ရတယ်လို့ ဆိုပါတယ်။

အိမ်သာထဲမှာ အချိန်ကြာကြာ မိုဘိုင်းဖုန်းထိုင်သုံးခဲ့တဲ့ အမျိုးသားဟာ လမ်းမလျှောက်နိုင်တော့ဘဲ သူငယ်ချင်းတစ်ဦး တွဲခေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ အမျိုးသားဟာ ဆေးရုံကို မနက် ၁ နာရီဝန်းကျင်မှာ ရောက်ရှိလာခဲ့တယ်လို့ sina.cn သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

play


ဆရာဝန်တွေရဲ့ စစ်ဆေးမှုအရ ထိုအမျိုးသားရဲ့ စအိုမှ အပြင်ဘက်ကို ၆ လက်မခန့်အထိ ကျွံထွက်နေတာ တွေ့ခဲ့ရပြီးနောက် စအိုကျွံမှုအဖြစ် သတ်မှတ်ကုသပေးခဲ့ရကြောင်း သိရပါတယ်။ စအိုကျွံမှုဟာ အူမကြီးရဲ့ အောက်ဘက်အဆုံးပိုင်းက စအိုပေါက်ကနေ အပြင်ဘက်ကိုထွက်ကျလာမှု ဖြစ်တယ်လို့ ဆိုပါတယ်။

play


စအိုကျွံမှုဟာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ဖြစ်တတ်ကြောင်း သိရပါတယ်။ စအိုကျွံမှုအများစုမှာ အတွင်းကိုပြန်ထည့်ပေးလို့ရပေမဲ့ ယခု အမျိုးသားဖြစ်တဲ့ စအိုကျွံမှုကိုတော့ ပြန်ထည့်လို့မရခဲ့ဘူးလို့ ဆွန်ယက်ဆင်တက္ကသိုလ်ဆေးရုံမှ ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာစူဒန်းက ပြောပါတယ်။

play


ထိုအမျိုးသားဟာ အသက် ၄ နှစ်အရွယ်မှာလည်း စအိုကျွံမှုဖြစ်ခဲ့ဖူးပြီး ထိုစဉ်က ပြန်ထည့်ပေးလို့ရခဲ့တယ်လို့ ဆရာဝန်က ဆိုပါတယ်။

ယခုတစ်ကြိမ်မှာတော့ ဆရာဝန်တွေ အဆိုပါ အမျိုးသားရဲ့ စအိုမှကျွံထွက်နေတဲ့အပိုင်း ခွဲစိတ်ဖြတ်တောက်ပေးခဲ့ရကြောင်းနဲ့ ခွဲစိတ်မှုပြုလုပ်ပြီး နှစ်ရက်အကြာမှာ လမ်းပြန်လျှောက်နိုင်ခဲ့ကြောင်း sina.cn ဝက်ဘ်ဆိုက်က သတင်းဖော်ပြခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video