AD
AD
AD

အမေရိကန်သမ္မတအိမ်ဖြူတော် အပြင်ဘက်မှာ အမျိုးသားတစ်ဦးက ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း US Secret Service က ပြောပါတယ်။

play


အိမ်ဖြူတော်မြောက်ဘက်ခြံစည်းရိုး အပြင်ဘက်မှာ ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်မှုကြောင့် လူတစ်ဦးဒဏ်ရာရခဲ့မှုနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း Secret Service က Twitter မှာ ရေးထားပါတယ်။

မတ်လ ၃ ရက် မနက် ၁၁း၄၆ ဝန်းကျင်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဖြစ်ခတ်မှုဖြစ်ပွားစဉ်မှာ သမ္မတဒေါ်နယ်ထရန့်က ဖလော်ရီဒါပြည်နယ်ရှိ ၎င်းရဲ့ Mar-a-Lago စံအိမ်ကိုရောက်ရှိနေခဲ့ကြောင်း သိရပြီး ဝါရှင်တန်ကို ပြန်လာရန်စီစဉ်ထားတယ်လို့ ဆိုပါတယ်။

play

 
ယခု ဖြစ်ပွားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်မှုမှ ဒဏ်ရာရခဲ့သူကို ဆေးဘက်ဆိုင်ရာအဖွဲ့က ကုသပေးခဲ့ကြောင်း Secret Service က ပြောပါတယ်။ ပစ်ခတ်မှုအတွင်း အခြား ဒဏ်ရာရသူမရှိခဲ့ဘူးလို့ သိရပါတယ်။

လတ်တလော နှစ်များအတွင်း အမေရိကန်သမ္မတအိမ်ဖြူတော်မှာ လုံခြုံရေးပိုင်းဆိုင်ရာ ဖြစ်ရပ်တွေ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၄ ရက်ကလည်း အိမ်ဖြူတော်လုံခြုံရေး အတားအဆီးတွေကို ကားဖြင့်ဝင်တိုက်တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး ကားဖြင့်ဝင်တိုက်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ယမန်နှစ် မတ်လအတွင်းကလည်း ငရုတ်ကောင်း စပရေးဘူး ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦးက အိမ်ဖြူတော်ခြံစည်းရိုးကို ကျော်တက်သွားခဲ့ပြီး ခြံဝင်းအတွင်း ၁၆ မိနစ်ကြာ ရှိနေခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD