International News: Marvel Entertainment ရဲ့ တွစ်တာအကောင့်များ အဟက်ခံရ

အဖွဲ့ရဲ့နောက်ကွယ်ကလူတွေကိုတော့ စုံစမ်းနေပါပြီ။

play

 

အမေရိကန်ရုပ်သံထုတ်လွှင့်ပြသရေး ကုမ္ပဏီ Netflix ရဲ့ တွစ်တာအကောင့် အဟက်ခံရပြီးနောက်မှာ Marvel Entertainment ကုမ္ပဏီရဲ့ တွစ်တာအကောင့်ပါ အဟက်ခံလိုက်ရပါတယ်။ အကောင့်တွေကို ဟက်သွားတာက OurMine အဖွဲ့လို့ သိရပါတယ်။

play

 

Marvel အကောင့်ကိုသာမက ဆက်စပ်အကောင့်တွေကိုပါ ထိန်းချုပ်သွားခဲ့တာပါ။ Thor ၊ Captain America ၊ Guardians of the Galaxy ၊ The Avengers ၊ Ant-Man ၊ Doctor Strange ၊ The Incredible Hulk ၊ Black Panther နဲ့  Iron Man ရဲ့ Tony Stark အကောင့်တွေကိုပါ ဟက်သွားခဲ့တာဖြစ်ပါတယ်။ Marvel ဘက်က နေ့မကူးမီ အကောင့်တွေကို ပြန်လည်ရယူနိုင်ခဲ့ပြီး OurMine အဖွဲ့ကိုလည်း ဥပဒေအရ အရေးယူနိုင်ဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။

Source : Mashable

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ