International News: ကင်မရာနှစ်လုံးပါ Mate 9 စမတ်ဖုန်းသစ်ကို Huawei မိတ်ဆက်

Huawei ရဲ့ Mate 9 စမတ်ဖုန်းသစ်ဟာ မျက်နှာပြင်အရွယ် ၅.၉ လက်မဖြစ်ပြီး ကင်မရာနှစ်ခု ပါဝင်ပါတယ်။ ကင်မရာနှစ်ခုလုံးက ပုံရိပ် ကြည်လင်ပြတ်သားမှုအတွက် အလိုအလျောက် ချိန်ညှိပေးနိုင်ပါတယ်။

play


အသုံးပြုရမှု မြန်ဆန်ပြီး ဘက်ထရီကြာရှည်ခံကြောင်း ညွှန်းဆိုထားတဲ့ Mate 9 စမတ်ဖုန်းသစ်ကို Huawei က ယနေ့ (နိုဝင်ဘာ ၃ ရက်) မိတ်ဆက်လိုက်ပါတယ်။

play


Huawei ရဲ့ Mate 9 စမတ်ဖုန်းသစ်ဟာ မျက်နှာပြင်အရွယ် ၅.၉ လက်မဖြစ်ပြီး ကင်မရာနှစ်ခု ပါဝင်ပါတယ်။ ကင်မရာနှစ်ခုလုံးက ပုံရိပ် ကြည်လင်ပြတ်သားမှုအတွက် အလိုအလျောက် ချိန်ညှိပေးနိုင်ပါတယ်။

play


Mate 9 ရဲ့ Display မှာ full HD (1920x1080 pixels) ဖြစ်ပါတယ်။ Mate 9 စမတ်ဖုန်းရဲ့ မိုက်ခရိုဖုန်းဟာ ဖုန်းပြောသူအနီးမှ ပတ်ဝန်းကျင်ဆူညံ့သံတွေကို လျှော့ချပေးနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ ဒီဇိုင်းနဲ့စနစ်ကို ဖန်တီးပေးထားတယ်လို့ ဆိုပါတယ်။ စမတ်ဖုန်းပိုင်ရှင် အသုံးအများဆုံး Apps တွေကို ဦးစားပေး ဖော်ပြပေးမှုစနစ် ပါဝင်တာကြောင့် အသုံးပြုရ ပိုမိုလွယ်ကူစေမယ်လို့ ဆိုပါတယ်။

play


Huawei ရဲ့ အဆိုအရ Mate 9 စမတ်ဖုန်း ဘက်ထရီက ဖုန်းအသုံးများခဲ့ရင်လည်း နှစ်ရက်နီးပါး အသုံးခံတယ်လို့ သိရပါတယ်။ Mate 9 ဘက်ထရီကို မိနစ် ၉၀ အတွင်း အားအပြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

play


Mate 9 မှာ octa-core Kirin 960 ပရိုဆက်ဆာကို အသုံးပြုထားပြီး ၎င်းတို့ကုမ္ပဏီက ထုတ်လုပ်ခဲ့သမျှထဲမှာ အမြန်ဆုံးဖြစ်တယ်လို့ Huawei က ဆိုပါတယ်။

play


Mate 9 မှာ မှာ SIM ကတ်နှစ်ခု အသုံးပြုနိုင်မှာဖြစ်ပြီး SIM ကတ်ကို တစ်ခုတည်း အသုံးပြုပါက အခြား SIM ကတ်နေရာမှာ microSD ကတ် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Mate 9 မှာ အချက်အလက်သိမ်းဆည်းနိုင်မှု 64GB နဲ့ memory 4GB RAM ဖြစ်ပြီး microSD ကတ်ကို 256GB အထိ ထည့်သွင်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

play


Mate 9 ရဲ့ ကင်မရာနှစ်ခုအနက် တစ်ခုမှာ 20-megapixel ဖြစ်ပြီး အခြားတစ်ခုက 12-megapixel ဖြစ်ပါတယ်။ CNET ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ 12-megapixel ကင်မရာက ရောင်စုံဓာတ်ပုံတွေ ရိုက်ကူးရန်ဖြစ်ပြီး 20-megapixel ကင်မရာကတော့ အဖြူအမည်း ဓာတ်ပုံတွေရိုက်ကူးနိုင်ရန် အထူးပြုဖန်တီးထားတယ်လို့ သိရပါတယ်။

play


Huawei ရဲ့ Mate 9 စမတ်ဖုန်းသစ်ကို ယခုနှစ်မကုန်မီ ကမ္ဘာတစ်ဝန်း ဈေးကွက်တင်ပို့ ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းကိုတော့ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပါဘူး။


Source & Photo: CNET, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ