AD
AD
AD

၂၀၁၄ ခုနှစ်အတွင်း ယူကရိန်းအရှေ့ပိုင်း ကောင်းကင်ယံမှာ မလေးရှားလေကြောင်းလိုင်း (Malaysia Airlines) ခရီးသည်တင်လေယာဉ် ပစ်ချခံခဲ့ရမှုမှာ အသုံးပြုခဲ့တဲ့ ဒုံးကျည်ဟာ ရုရှားတပ်ဖွဲ့ထံမှ ဖြစ်တယ်လို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးမှူးတွေက မေလ ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။

play


နယ်သာလန်နိုင်ငံ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က MH17 မလေးရှားခရီးသည်တင်လေယာဉ်ကို ရုရှားအနောက်ပိုင်း Kursk မြို့မှာ အခြေစိုက်တပ်စွဲထားတဲ့ ရုရှား လေကြောင်းရန်ကာကွယ်ရေး အမှတ် ၅၃ တပ်ဖွဲ့က ပစ်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play


ရုရှားအစိုးရကတော့ MH17 လေယာဉ် ဒုံးကျည်ဖြင့် ပစ်ချခံရတဲ့ဖြစ်ရပ်မှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။ Boeing 777 ခရီးသည်တင်လေယာဉ်ဟာ ၂၀၁၄ ခုနှစ် ဇူလိုင် ၁၇ ရက်က နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ Schiphol လေဆိပ်မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ပျံသန်းနေစဉ် ယူကရိန်းအရှေ့ပိုင်းကောင်းကင်ယံမှာ ဒုံးကျည်ဖြင့်ပစ်ချခံရပြီး လေထုထဲမှာပေါက်ကွဲကာ ပျက်ကျခဲ့ပါတယ်။

play


ဒုံးကျည်ဖြင့်ပစ်ချခံရမှုကြောင့် လေယာဉ်ပျက်ကျမှုအတွင်း လိုက်ပါလာတဲ့ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၉၈ ဦးလုံး သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူတွေအနက် အများစုဟာ နယ်သာလန်နိုင်ငံသားများ ဖြစ်ပါတယ်။ MH17 လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သူတွေအနက် သြစတြေးလျ၊ ဗြိတိန်၊ မလေးရှားနဲ့ အင်ဒိုနီးရှား အပါအဝင် နိုင်ငံ ၁၇ ခုမှ နိုင်ငံသားများ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

play


စုံစမ်းစစ်ဆေးသူတွေက ယခင် ကောက်ချက်ချခဲ့ရာမှာတော့ MH17 လေယာဉ်ကို ရုရှားနိုင်ငံလုပ် BUK အမျိုးအစား ဒုံးကျည်ဖြင့် ယူကရိန်းပိုင်နက်အတွင်းရှိ ရုရှားအစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ သူပုန်များထိန်းချုပ်ရာ နယ်မြေကနေ ပစ်ချခဲ့ကြောင်း ပြောထားပါတယ်။ သို့သော် ဒုံးကျည်ကို မည်သူတို့က ပစ်လွှတ်ခဲ့ကြောင်းကိုမူ ၎င်းတို့က အစောပိုင်းမှာ ထုတ်ဖော်ပြောခဲ့ခြင်းမရှိပါဘူး။

play


ယခုအခါမှာတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒုံးကျည်လာရာလမ်းကြောင်း အပတ်တကုတ် ကြိုးပမ်း ပုံဖော်ခဲ့ကြပြီးနောက် ရုရှားတပ်ဖွဲ့က ပစ်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ MH17 လေယာဉ် ပစ်ချခံရမှုကို စုံစမ်းစစ်ဆေးတဲ့အဖွဲ့က ထိုဖြစ်ရပ်မျာ ပါဝင်ပတ်သက်ခဲ့ကြောင်း သံသယရှိသူ ၁၀၀ ခန့်ကို အဓိကထားခဲ့ကြပါတယ်။

play


သို့သော် ယခုအချိန်ထိ သံသယရှိသူတွေကို မည်သူဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးမှူးတွေက ထုတ်ဖော်ပြောခြင်း မရှိသေးပါဘူး။ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် Fred Westerbeke က စစ်ဆေးမှုဟာ နောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်ပေမဲ့ အပြီးသတ်ရန် လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ရုရှားအစိုးရက MH17 လေယာဉ်ပစ်ချခံမှုမှာ ပါဝင်ပတ်သက်မှုမရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားပြီး ယူကရိန်းအစိုးရ လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD