AD
AD
AD
play


ပျောက်ဆုံးနေတဲ့ MH370 လေယာဉ် သို့မဟုတ် လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာတွေကို ရက် ၉၀ အတွင်း ရှာဖွေပေးနိုင်ပါက အမေရိကန်ဒေါ်လာ သန်း ၇၀ အထိ ပေးချေမယ့် သဘောတူစာချုပ်တစ်ရပ်ကို မလေးရှားအစိုးရနဲ့ အမေရိကန်အခြေစိုက် Ocean Infinity တို့ ဇန်နဝါရီ ၁၀ ရက် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

play


သဘောတူညီချက်အရ Ocean Infinity အနေနဲ့ တောင်ပိုင်းအိန္ဒိယသမုဒ္ဒရာရှိ ရှာဖွေမှုဧရိယာ စတုရန်းမိုင် ၉,၆၀၀ ကျော်အတွင်း လေယာဉ်အပျက်အစီး သိုမဟုတ် ပျံသန်းမှုမှတ်တမ်းတင်ကိရိယာတွေကို ရက် ၉၀ ဖြင့် ရှာတွေ့ခဲ့ပါက ဒေါ်လာ သန်း ၅၀ အထိ ရရှိမှာဖြစ်ပြီး အဆိုပါ ဧရိယာထက်ပိုတဲ့ ပမာဏအတွင်း ရှာဖွေတွေ့ရှိခဲ့ပါက ဒေါ်လာ သန်း ၇၀ အထိ ရရှိမှာဖြစ်ကြောင်း CNA သတင်းက ဖော်ပြပါတယ်။

"Ocean Infinity ရဲ့ အဓိကလုပ်ငန်းက လေယာဉ်အပျက်အစီးတွေနဲ့ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာတွေရဲ့ တည်နေရာကို ရှာဖွေအတည်ပြုရမှာ ဖြစ်ပါတယ်" လို့ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

play


အကယ်၍ ပထမဆုံးရှာဖွေတဲ့ ဧရိယာ စတုရန်းမိုင် ၁,၉၃၀ အတွင်း တွေ့ရှိခဲ့ပါက မလေးရှားအစိုးရက ဒေါ်လာ သန်း ၂၀ စတင်ပေးချေရမှာလည်း ဖြစ်ပါတယ်။ မလေးရှားအစိုးရနဲ့ Ocean Infinity တို့ကြား ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ်ဟာ လေယာဉ်ကိုရှာမတွေ့ပါက ငွေပေးချေစရာမလိုအပ်တဲ့ အခြေခံမူဖြင့် ချုပ်ဆိုထားကြောင်း သိရပါတယ်။

ယခု သဘောတူညီခဲ့တဲ့ MH370 လေယာဉ်ရှာဖွေရေးသင်္ဘောမှာ မလေးရှားရေတပ်မှ အစိုးရကိုယ်စားလှယ်နှစ်ဦး အပါအဝင် အဖွဲ့ဝင် ၆၅ ဦး ပါဝင်မှာဖြစ်ပြီး ရှာဖွေမှုကို ဇန်နဝါရီ ၁၇ ရက်မှာ စတင်မယ်လို့ ဆိုပါတယ်။

play


ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်းမှ MH370 လေယာဉ်ကို သြစတြေးလျနိုင်ငံရဲ့ စီစဉ်မှုဖြင့် ရှာဖွေခဲ့သေးပြီး အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းရှိ ဧရိယာ စတုရန်းမိုင် ၄၆,၀၀၀ ကျော်အတွင်း ရှာဖွေခဲ့ပေမဲ့ မတွေ့ရှိခဲ့ဘဲ ရှာဖွေရေးလုပ်ငန်း ရပ်ဆိုင်းခဲ့ပါတယ်။

ယခု ရှာဖွေရေးလုပ်ဆောင်မယ့် Ocean Infinity ကုမ္ပဏီက နော်ဝေမှ သုတေသနသင်္ဘောကို အသုံးပြုပြီး တစ်နေ့လျှင် ဧရိယာ စတုရန်းမိုင် ၄၆၃ အကျယ်အဝန်းအတွင်း ရှာဖွေသွားရန် ရည်မှန်းထားကြောင်း သိရပါတယ်။

မလေးရှားလေကြောင်းလိုင်းမှ MH370 လေယာဉ်ဟာ ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်က ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ပျံသန်းနေစဉ် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ MH370 လေယာဉ်ပေါ်မှာ ခရီးသည် ၂၃၉ ဦးနဲ့ လေယာဉ်အမှုထမ်းတွေ လိုက်ပါသွားခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD