International News: တက်ကြွစွာအားပေးတဲ့ ပရိသတ်ရှိတာကြောင့် ဖိလစ်ပိုင်တွင် Miss Universe 2016 ကျင်းပရန် ရွေးချယ်

မနီလာမြို့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

play

 

၆၅ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲ Miss Universe 2016 ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသွားမယ်လို့ Miss Universe 2016 ပြိုင်ပွဲကျင်းပရေး အဖွဲ့အစည်းရဲ့ တာဝန်ရှိသူများက နိုဝင်ဘာလ ၁၆ ရက်နေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။

Miss Universe အဖွဲ့အစည်းရဲ့ ဒုဥက္ကဋ္ဌ ရှောင်မက်ကလိန်းက ဖိလစ်ပိုင်စပွန်ဆာများနဲ့ စာချုပ်ချုပ်ပြီးသွားပါပြီ။

ဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်မှာ ကျင်းပမယ့် ယင်းပွဲကို စပွန်ဆာများက အမေရိကန်ဒေါ်လာ ၁၁ သန်း မတည်သွားမယ်လို့ သိရပါတယ်။

play

 

မနီလာမြို့မှာ တက်ကြွစွာ အားပေးတဲ့ ပရိသတ်တွေရှိတာကြောင့် အဖွဲ့အစည်းအနေနဲ့ မနီလာမြို့မှာ ယင်းပြိုင်ပွဲကို ထပ်မံပြုလုပ်ချင်တာ ဖြစ်ကြောင်း မက်ကလိန်းက ဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံတွင် Miss Universe ပြိုင်ပွဲကို ၁၉၇၄ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့ပြီး အာရှမှာ ယင်းပြိုင်ပွဲကျင်းပရာ ပထမဆုံးနေရာ ဖြစ်ပါတယ်။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ တစ်ကြိမ် ဖိလစ်ပိုင်မှာ ထပ်မံ ကျင်းပခဲ့ပါတယ်။

play

 

Miss Universe 2015  ဆုကိုလည်း ဖိလစ်ပိုင်အလှမယ် Pia Wurtzbach က  ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Source & Photos : ibtimes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ