AD
AD
AD

ဘာလီကျွန်းမှာ ဟိန္ဒူရိုးရာ နှစ်သစ်ကူးပွဲကျင်းပစဉ် မိုဘိုင်းအင်တာနက်ပိတ်ထားပေးရန် ဖုန်းကုမ္ပဏီတွေကို မေတ္တာရပ်ခံခဲ့တယ်လို့ ဆိုပါတယ်။

play
နှစ်သစ်ကူးနေ့မတိုင်မီ သန့်ရှင်းစင်ကြယ်မှုအတွက် ကမ်းခြေကို သွားရောက်ကြစဉ်


ဘာလီကျွန်းနေ ဟိန္ဒူတို့ရဲ့ နှစ်သစ်ကူးနေ့ကို Nyepi လို့ ခေါ်ဝေါ်ကြပြီး လာမယ့် မတ်လ ၁၇ ရက်မှာ ကျရောက်မှာဖြစ်ရာ ထိုနေ့မှာ မိုဘိုင်းအင်တာနက် ပိတ်ထားမယ်လို့ သိရပါတယ်။ ထို့အတူ ဘာလီကျွန်း လေဆိပ်ကိုလည်း မတ်လ ၁၇ ရက် ဒေသစံတော်ချိန် မနက် ၆ နာရီမှစပြီး ၂၄ နာရီကြာ ပိတ်ထားမယ်လို့ ဆိုပါတယ်။

"ဟိန္ဒူအများအပြားက ဒီ မိုဘိုင်း အသုံးအဆောင်တွေကို စွဲလမ်းနေကြတယ်" လို့ ဟိန္ဒူ လူမှုအဖွဲ့အစည်း ခေါင်းဆောင် ဂက်စ်တီငုရာဟ် ဆူဒီယာနာက ပြောပါတယ်။ "ဒီနှစ်သစ်ကူး ကာလအတွင်းမှာတော့ သူတို့တွေ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။

play
ဘာလီကျွန်းနေ ဟိန္ဒူ နှစ်သစ်ကူးနေ့မတိုင်မီ စီတန်းလှည့်လည်ပွဲ


ဘာလီကျွန်းရှိ ဟိန္ဒူ နှစ်သစ်ကူးနေ့မှာ မိုဘိုင်းဖုန်းအင်တာနက်များ ပိတ်ထားမယ့် အစီအစဉ်ကို အင်ဒိုနီးရှား ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ဘာလီရုံးခွဲအကြီးအကဲ ဆူဂျာယာက အင်္ဂါနေ့ (မတ် ၁၃ ရက်) မှာ ကြေညာခဲ့ပါတယ်။

မတ်လ ၁၇ ရက်မှာ မိုဘိုင်းဖုန်းအင်တာနက်တွေ ပိတ်ထားမှာဖြစ်ပေမဲ့ ဘာလီကျွန်းရှိ အခြား အင်တာနက်လိုင်းတွေကိုတော့ ပုံမှန်အတိုင်း အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။

"ဟိုတယ်၊ အများပြည်သူဝန်ဆောင်မှုဌာန၊ လေဆိပ်၊ ဆေးရုံ၊ လုံခြုံရေးတပ်ဖွဲ့နဲ့ ဘဏ်များကဲ့သို့ အရေးပါတဲ့နေရာတွေမှာ ဝိုင်ဖိုင်အင်တာနက်ကို ပုံမှန်အတိုင်း သုံးလို့ရနေမှာပါ" လို့ ဆူဂျာယာက ပြောပါတယ်။

play
နှစ်သစ်ကူးနေ့မတိုင်မီ စီတန်းလှည့်လည်ပွဲ အတွက် ပြင်ဆင်နေကြစဉ်


ဘာလီကျွန်းရှိ ဟိန္ဒူတို့ရဲ့ နှစ်သစ်ကူးနေ့ Nyepi ကို Day of Silence (ဆိတ်ငြိမ်ခြင်းနေ့) လို့ ခေါ်ဝေါ်ကြတယ်လို့ ဆိုပါတယ်။ ဘာလီကျွန်းနေ ဟိန္ဒူဘာသာဝင်တို့က နှစ်သစ်ကူးနေ့မှာ မီးအသုံးမပြုခြင်း၊ ခရီးမသွားခြင်း၊ လှုပ်ရှားမှု မပြုလုပ်ခြင်းနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ မလုပ်ဘဲ နေကြပါတယ်။

အချို့ကတော့ အစာမစား၊ စကားမပြောဘဲလည်း နေကြတယ်လို့ သိရပါတယ်။ နှစ်သစ်ကူးနေ့မတိုင်မီ အကြိုနေ့မှာတော့ မကောင်းဆိုးဝါးပုံစံ အရုပ်များဖြင့် စီတန်းလှည့်လည်ပွဲ ပြုလုပ်ကြကြောင်း သိရပါတယ်။

ဘာလီကျွန်းရှိ ဟိန္ဒူ နှစ်သစ်ကူးနေ့မှာ မိုဘိုင်းဖုန်းအင်တာနက် ပိတ်ထားပေးရန် ဘာသာရေးနဲ့ အရပ်ဘက်ခေါင်းဆောင်များ၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့က အင်ဒိုနီးရှားအစိုးရထံ မတ်လအစောပိုင်းမှာ မေတ္တာရပ်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။

ယမန်နှစ်တွေကလည်း ထိုသို့ မေတ္တာရပ်ခံခဲ့ပေမဲ့ အစိုးရက လိုက်လျောခဲ့ခြင်းမရှိဘဲ ယခုနှစ်မှာတော့ ပထမဆုံးအကြိမ် Nyepi နေ့မှာ မိုဘိုင်းအင်တာနက် ပိတ်ထားပေးရန် သဘောတူခဲ့တာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD