AD
AD
AD

အိန္ဒိယမြောက်ပိုင်း အူတာပရာဒက်ရှ်နဲ့ ရာဂျက်စ်တန်ပြည်နယ်တို့မှာ ပြင်းထန်တဲ့ သဲမုန်တိုင်းတိုက်ခတ်မှုတွေကြောင့် လူ ၁၁၀ ထက်မနည်း သေဆုံးခဲ့ပြီး အခြား လူအများအပြား ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

play


မုန်တိုင်းကြောင့် သေဆုံးဒဏ်ရာရသူ အရေအတွက်ဟာ ယခုထက် ပိုမိုတိုးမြင့်လာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောထားပါတယ်။ ဗုဒ္ဓဟူးနေ့ (မေလ ၂ ရက်) မှာ ဖြစ်ပွားခဲ့တဲ့ သဲမုန်တိုင်းတိုက်ခတ်မှုတွေကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ သစ်ပင်လဲပြိုမှု၊ နေအိမ်များ ပျက်စီးမှု၊ လူနဲ့ ကျွဲနွှားတိရိစ္ဆာန် သေဆုံးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

play


သေဆုံးသူတွေအနက် အများအပြားဟာ အိပ်ပျော်နေစဉ် ကြီးမားပြင်းထန်တဲ့ မိုးကြိုးပစ်မှုတွေ နေအိမ်ကိုထိမှန် ပြိုကျခဲ့မှုအတွင်း သေဆုံးခဲ့ကြတယ်လို့ ဆိုပါတယ်။ အိန္ဒိယမှာ သဲမုန်တိုင်းတိုက်ခတ်မှုတွေကို နွေရာသီကာလအတွင်း ကြုံတွေ့ရလေ့ရှိပေမဲ့ ယခုကဲ့သို့ လူသေဆုံးမှုများပြားခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

သဲမုန်တိုင်းကြောင့် အူတာပရာဒက်ရှ်မှာ လူ ၇၃ ဦး သေဆုံးခဲ့ပြီး ၄၃ ဦးဟာ ကမ္ဘာကျော် တာ့ဂ်ျမဟာဂူဗိမာန် အဆောက်အအုံတည်ရှိရာ အက်ဂရာဒေသမှ ဖြစ်ပါတယ်။ အူတာပရာဒက်ရှ်ပြည်နယ်မှာ မုန်တိုင်းတိုက်ခတ်မှုအတွင်း သစ်ပင်နဲ့ နံရံများ လဲပြိုကျမှုကြောင့် လူအများအပြား သေဆုံးခဲ့ပါတယ်။

play


အက်ဂရာဒေသ အနောက်တောင်ပိုင်း မိုင် ၃၀ အကွာရှိ Kheragarh ကျေးရွာမှာ သဲမုန်တိုင်းကြောင့် လူ ၂၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံသတင်းထောက် Laxmikant Pachouri က BBC သတင်းဌာနကို ပြောပါတယ်။ မုန်တိုင်းတိုက်ခတ်တဲ့ နေရာဒေသများရှိ နေအိမ်အချို့ကို ရွှံ့များဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး အခြား နေအိမ်တွေကို အုတ်စီပြီးအင်္ဂတေတွယ်ဆက်ကာ တည်ဆောက်ထားကြတယ်လို့ ဆိုပါတယ်။

play


"လူတွေက မုန်တိုင်းကြောင့် သူတို့ရွာမှာ ဒီလောက်ထိပျက်စီးသွားပြီး သေဆုံးသူတွေရှိခဲ့တာကို မယုံနိုင်လောက်အောင် ဖြစ်နေကြတယ်၊ ကျွန်တော် ဆုံခဲ့ရတဲ့ မိသားစုတစ်ခုဆိုရင် မုန်တိုင်းတိုက်တဲ့ညမှာ သူတို့ရဲ့ ကလေးလေးယောက်ကို ဆုံးရှုံးလိုက်ရတယ်၊ ကလေးမိဘတွေက စိတ်ကယောက်ကယက်ဖြစ်ပြီး တစ်ချိန်လုံးငိုနေကြတယ်၊ ဒါက တစ်ကယ့်ကို စိတ်မကောင်းစရာပါပဲ" လို့ သတင်းထောက် Pachouri က ပြောပါတယ်။

play


သဲမုန်တိုင်းတိုက်မှုဟာ အူတာပရာဒက်ရှ်အပြင် အိမ်နီးချင်း ရာဂျစ်စတန်ပြည်နယ်ရှိ Alwar, Bharatpur နဲ့ Dholpur ဒေသတွေမှာလည်း တိုက်ခတ်ခဲ့ပြီး လူ ၃၅ ဦး သေဆုံးခဲ့ပြီး အခြား လူ ၂၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ရာဂျစ်စတန်ရှိ Alwar ဒေသဟာ မုန်တိုင်းတိုက်ခတ်မှုကို အဆိုးရွားဆုံး ခံခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မုန်တိုင်းတိုက်မှုကြောင့် အဆိုပါ ဒေသတွင်းရှိ စာသင်ကျောင်းများလည်း ပိတ်ထားခဲ့ရပါတယ်။ Alwar ဟိုတယ်ပိုင်ရှင် Shivam Lohia က မုန်တိုင်းတိုက်မှုကြောင့် ၎င်းရဲ့ကားဟာ လမ်းဘေးကို ထိုးကျလုနီးပါး ဖြစ်သွားခဲ့ပြီး ကားကိုထားခဲ့ပြီး ထွက်ပြေးခဲ့ရတယ်လို့ ပြောပါတယ်။

play


"အနည်းဆုံး ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်းမှာ ဒီလောက် ပျက်စီးဆုံးရှုံးမှုကြီးမားတဲ့ သဲမုန်တိုင်းမျိုး ကျွန်တော် မကြုံခဲ့ဖူးဘူး၊ သစ်ပင်နဲ့ နေအိမ်တွေကနေ အပျက်အစီးတွေ လွင့်ထွက်လာတော့ လူတိုင်းက ကြောက်လန့်ပြေးလွှားပြီး အကာအကွယ်နေရာရှာခဲ့ကြရပါတယ်၊ ဒါက တစ်ကယ့် ထိတ်လန့်စရာ အဖြစ်ပါပဲ" လို့ ဟိုတယ်ပိုင်ရှင်က AFP သတင်းဌာနကို ပြောပါတယ်။

မုန်တိုင်းတိုက်ခဲ့တဲ့ ဒေသတွင်းမှာ လျှပ်စစ်ဓာတ်အားလိုင်းတိုင် ၂၀၀ မှ ၃၀၀ ကြား လဲပြိုခဲ့ကြောင်းလည်း သိရပါတယ်။ သဲမုန်တိုင်းတိုက်မှုဟာ အိန္ဒိယမြို့တော် ဒေလီမှာလည်း သက်ရောက်မှုရှိခဲ့ပြီး ဗုဒ္ဓဟူးနေ့ (မေလ ၂ ရက်) ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပါတယ်။

play


အိန္ဒိယမှာ ဧပြီ ၁၁ ရက်ကလည်း သဲမုန်တိုင်းတိုက်မှုကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း ရာဂျစ်စတန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ တာဝန်ရှိသူ Hemant Gera က ပြောပါတယ်။

"ကျွန်တော် ဒီရုံးမှာလုပ်နေတာ နှစ် ၂၀ ရှိပြီ၊ ဒီတစ်ကြိမ်က ကြုံခဲ့ရဖူးသမျှထဲမှာ အဆိုးဆုံးပဲဗျာ" လို့ ၎င်းက ဆိုပါတယ်။ ယခုသီတင်းပတ်ကုန် မတိုင်မီအထိ နောက်ထပ် မုန်တိုင်းတိုက်မှုတွေ ဖြစ်နိုင်ဖွယ်ရှိကြောင်း အိန္ဒိယမိုးလေဝသဌာနက ပြောထားပါတယ်။

Postby

 

နောက်ဆက်တွဲသတင်းတွေအရ အိန္ဒိယမှာ သဲမုန်တိုင်းတိုက်မှုကြောင့် သေဆုံးသူအရေအတွက် အနည်းဆုံး ၁၂၅ ဦးအထိ မြင့်တက်လာကြောင်းနဲ့ ရာသီဥတု ပြင်းထန်ဆိုးရွားမှုတွေ ဆက်လက် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD