AD
AD
AD

ရက်သတ္တပတ်အတန်ကြာ ငြိမ်သက်နေခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Agung မီးတောင်ဟာ ယနေ့ (ဖေဖေါ်ဝါရီ ၁၃ ရက်) မှာ ပြန်လည် ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မီးတောင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်မှာ နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

play


အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ပြောကြားမှုအရ Agung မီးတောင်ဟာ ယနေ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၄၉ မိနစ်မှာ ပေါက်ကွဲခဲ့ပြီး လေထုထဲသို့ မီးခိုးနဲ့ပြာမှုန်များ အမြင့်ပေ ၅,၀၀၀ နီးပါအထိ မှုတ်ထုတ်ခဲ့ကြောင်း သိရပါတယ်။

play


Agung မီးတောင် ပေါက်ကွဲမှုအန္တရာယ် သတိပေးချက်ကို အဆင့် ၄ (ဘေးအန္တရယ်ရှိ) မှ အဆင့် ၃ (အသင့်စောင့်ကြည့်) သို့ စနေနေ့ (ဖေဖေါ်ဝါရီ ၁၀ ရက်) လျှော့ချသတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက Agung မီးတောင်ပတ်လည် ၂.၄ မိုင်အတွင်း သွားရောက်နေထိုင်ခြင်း မပြုကြရန် ဒေသခံတွေကို ညွှန်ကြားထားပါတယ်။

play


ယခုတစ်ကြိမ် Agung မီးတောင်ပေါက်ကွဲမှုကြောင့် ဘာလီကျွန်းရှိ I Gusti Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုတော့ ပိတ်ပင်ခဲ့ရခြင်း မရှိဘူးလို့ သိရပါတယ်။ အဆိုပါ လေဆိပ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်း Agung မီးတောင် ပေါက်ကွဲမှုအန္တရာယ်ကြောင့် သုံးရက်ထက်မနည်း ဆက်တိုက်ပိတ်ထားခဲ့ရပါတယ်။

Agung မီးတောင်ဟာ ဘာလီကျွန်းရဲ့ အဓိက အပန်းဖြေနေရာတွေဖြစ်တဲ့ Kuta နဲ့ Seminyak တို့နဲ့ ၄၇ မိုင်အကွာမှာ တည်ရှိပြီး ယမန်နှစ် သြဂုတ်လအတွင်းမှာ စတင်လှုပ်ရှားနေခဲ့တာ ဖြစ်ပါတယ်။

ထို့နောက် Agung မီးတောင်ဟာ ၁၉၆၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာ ၂၁ ရက်  ဒေသစံတော်ချိန် ညနေပိုင်းမှာ ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD