AD
AD
AD

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ ရွှံ့နွံပြိုကျမှုများအတွင်း သေဆုံးသူအရေအတွက် ၁၈ ဦးထက်ရှိလာခဲ့ပြီး ပျောက်ဆုံးသူ ၇ ဦးကို ရှာဖွေရေးအတွက် ဒေသခံတွေကို ဝိုင်းဝန်းကူညီကြရန် အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

play


စန်တာဘာဘရာကောင်တီ အုပ်ချုပ်ရေးအရာရှိရုံးက ပျောက်ဆုံးနေသူတွေကို ရှာဖွေနိုင်ရန်အတွက် သတင်းအချက်အလက်များ ကူညီပေးကြရန် ဒေသခံတွေကို တိုက်တွန်းခဲ့ပြီး ပျောက်ဆုံးနေသူ တစ်စုံတစ်ယောက်ကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိခြင်းဟာ အံ့သြဖွယ်ရာဖြစ်ရပ် ဖြစ်လိမ့်မယ်လို့လည်း ဆိုပါတယ်။

မိသားစုနဲ့ မိတ်ဆွေတွေက သတင်းပေးပို့မှုတွေအရ ပျောက်ဆုံးနေသူ ၇ ဦး ရှိနေသေးကြောင်း အုပ်ချုပ်ရေးအရာရှိရုံးက ပြောထားပါတယ်။

play


ပျောက်ဆုံးနေသူတွေဟာ အသက် ၂ နှစ်မှ ၆၂ နှစ်ကြား ဖြစ်ကြတယ်လို့လည်း အဆိုပါရုံးက သောကြာ (ဇန်နဝါရီ ၁၂ ရက်) ညပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့စာရင်းမှာ ဖော်ပြထားပါတယ်။ ရွှံ့နွှံပြိုကျမှုအတွင်း ပျောက်ဆုံးနေသူတွေကို ယနေ့ (ဇန်နဝါရီ ၁၃ ရက်) မှာ ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ဇန်နဝါရီ ၉ ရက်က ကယ်လီဖိုးနီးယားတောင်ပိုင်း လော့စ်အိန်ဂျလိစ်မြောက်ဘက်ရှိ မွန်တီစီတိုဒေသမှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ရွှံ့နွံပြိုကျမှုတွေ အဓိက ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

play


မုန်တိုင်းကြောင့် ကယ်လီဖိုးနီးယားပြည်နယ်အတွင်းရှိ ဗင်တူရာဒေသမှာ အမြင့်ဆုံး မိုးရေချိန် ၅ လက်မအထိ ရွာသွန်းခဲ့ကြောင်း လော့စ်အိန်ဂျလိစ် အမျိုးသားမိုးလေဝသဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ရကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်နေတဲ့ ဒေသတွေမှာ ပြီးခဲ့တဲ့လအတွင်း တောမီးများလောင်ခဲ့တဲ့ နယ်မြေဒေသတွေလည်း ဖြစ်ပါတယ်။ စန်တာဘရာအရှေ့ဘက်ရှိ မွန်တီစီတိုမှာ နေထိုင်ကြတဲ့ ဒေသခံတွေကို သီတင်းတစ်ပတ် သို့မဟုတ် နှစ်ပတ်ကြာ ရွှေ့ပြောင်းနေထိုင်ကြရန် အာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

play


ကယ်လီဖိုးနီးယားပြည်နယ်မှ အထင်ကရဖြစ်တဲ့ ကမ်းရိုးတန်းအဝေးပြေးလမ်းမ Highway 101 ဟာ ရွှံ့နွှံပြိုကျမှုတွေကြောင့် ပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။ အဆိုပါ အဝေးပြေးလမ်းမှာ ၂ ပေအထိနက်တဲ့ ရွှံ့နွှံတွေ ဖုံးလွှမ်းခဲ့ပြီး မွန်တီစီတိုဒေသမှာတော့ ရွှံ့နွှံတွေဟာ နေအိမ်ခေါင်မိုးအထိ ဖုံးလွှမ်းသွားခဲ့ကြောင်း သိရပါတယ်။

ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ ယမန်နှစ် ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီလအတွင်း မိုးသည်းထန်ခဲ့ပြီးနောက် ၁၀ လကြာ ခြောက်သွေ့နေခဲ့ရာမှ ယခု မုန်တိုင်းတိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD