AD
AD
AD

ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့ ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့ပျော်စရာအကောင်းဆုံး နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံက ယခင်နှစ်တွေကထက် အဆင့်ကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၆ ခုနှစ် စာရင်းမှာ အဆင့် ၁၁၉ နေရာမှ ရပ်တည်ခဲ့ပြီး ယမန်နှစ်စာရင်းမှာတော့ အဆင့်အနည်းငယ်တက်ခဲ့ကာ ၁၁၄ ဖြစ်ခဲ့ပေမဲ့ ယခု ၂၀၁၈ ခုနှစ် ကမ္ဘာ့ပျော်စရာအကောင်းဆုံးနိုင်ငံ စာရင်းမှာတော့ အဆင့် ၁၃၀ သို့ ကျဆင်းသွားခဲ့ ဖြစ်ပါတယ်။

play


မြန်မာနဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်းနိုင်ငံက အဆင့် ၄၆၊ လာအိုက အဆင့် ၁၁၀ မှာ ရပ်တည်နေပါတယ်။ အခြား အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ စင်ကာပူက ၃၄၊ မလေးရှားက ၃၅၊ ဗီယက်နမ်က ၉၅၊ အင်ဒိုနီးရှားက ၉၆၊ ကမ္ဘောဒီးယားက ၁၂၀၊ ဖိလစ်ပိုင်က ၇၁ စသဖြင့် အသီးသီး ရပ်တည်နေပါတယ်။

ယခုနှစ်အတွက် ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ ကမ္ဘာ့ပျော်စရာအကောင်းဆုံးနိုင်ငံမှာ ဖင်လန်နိုင်ငံ ဖြစ်တယ်လို့ သိရပါတယ်။ ယမန်နှစ်စာရင်းမှာ ကမ္ဘာ့ပျော်စရာအကောင်းဆုံး ဖြစ်ခဲ့တဲ့ နော်ဝေးနိုင်ငံကတော့ ဒုတိယနေရာကို ရောက်ရှိသွားပါတယ်။

play


၂၀၁၆ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂစာရင်းမှာ ပထမဆုံးနေရာမှ ရပ်တည်ခဲ့တဲ့ ဒိန်းမတ်နိုင်ငံက တတိယနေရာမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့ 'ကမ္ဘာ့ပျော်ရွှင်မှုအစီရင်ခံစာ' World Happiness Report က နိုင်ငံအလိုက် နေထိုင်ကြတဲ့ ပြည်သူတွေ ဘယ်လောက် ပျော်ရွှင်ခံစားရမှုနဲ့ ဘာကြောင့် ပျော်ရွှင်ရမှုတို့အပေါ် တိုင်းတာခဲ့တယ်လို့ ဆိုပါတယ်။

play


ကုလသမဂ္ဂက နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ ကမ္ဘာ့ပျော်ရွှင်စရာအကောင်းဆုံး နိုင်ငံစာရင်းမှာ နော်ဒစ်နိုင်ငံတွေက ထိပ်ဆုံးငါးနေရာမှာ ပုံမှန်ပါဝင်လေ့ရှိပါတယ်။ ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတွေနဲ့ ဆာဟာရ အာဖရိကနိုင်ငံျွှေက ပုံမှန်အားဖြင့် အောက်ဆုံးငါးနေရာမှာ ရပ်တည်နေကြောင်း သိရပါတယ်။

ယခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂစာရင်းအရ ဘူရွန်ဒီနိုင်ငံဟာ ပျော်ရွှင်စရာအကောင်းဆုံးစာရင်းမှာ အဆင့် ၁၅၆ အဖြစ် အောက်ဆုံးနေရမှ ရပ်တည်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် စာရင်းမှာတော့ ဗဟိုကအာဖရိကန် ရီပတ်ဘလစ်နိုင်ငံက အောက်ဆုံးမှရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

play


ကုလသမဂ္ဂရဲ့ ကမ္ဘာ့ပျော်စရာအကောင်းဆုံး နိုင်ငံများစာရင်းမှာ နိုင်ငံ ၁၅၆ နိုင်ငံ ပါဝင်ခဲ့ပြီး ပြည်သူတွေကြား ပျော်ရွှင်ခံစားမှုအလိုက် အဆင့်များသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ယခုနှစ် ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံစာရင်းမှာ နော်ဝေး၊ ဒိန်းမတ်၊ အိုက်စ်လန်းနဲ့ ဆွစ်ဇာလန်တို့ ထိပ်ဆုံး ၅ နေရာမှာ ပါဝင်ခဲ့ပြီး အမေရိကန်နဲ့ ဗြိတိန်က အဆင့် ၁၈ နဲ့ ၁၉ နေရာမှာ အသီးသီးရပ်တည်နေပါတယ်။

play


တိုဂိုက ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံစာရင်းမှာ သိသာစွာ အဆင့်မြင့်တက်လာခဲ့ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေ မတည်မငြိမ်ဖြစ်နေတဲ့ ဗင်နီဇွဲလားနိုင်ငံကတော့ အဆင့် ၂၀ ကျဆင်းသွားပြီး နံပါတ် ၁၀၂ နေရာမှာ ရပ်တည်နေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD