AD
AD
AD

ပါဆယ်ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်နေတဲ့ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ယနေ့ (မတ်လ ၂၀ ရက်) ပါဆယ်ဗုံးပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ယနေ့ ဒေသစံတော်ချိန် မနက် ၀၀း၃၀ မှာ ယခုလအတွင်း ပါဆယ်ဆုံးတွေ ဆက်တိုက်ပေါက်ကွဲမှု ဖြစ်နေခဲ့တဲ့ တက္ကဆက်ပြည်နယ် အော်စတင်မြို့တောင်ဘက် ၆၅ မိုင်အကွာရှိ Schertz မြို့မှာ ပါဆယ်ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

play

 
ယခု ပါဆယ်ဗုံးဟာ FedEx ပစ္စည်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်လုပ်ငန်းရဲ့ ကုန်လောင်ရုံမှာ ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။ အော်စတင်မြို့မှာ ယခုလအတွင်း ပါဆယ်ဗုံးပေါက်ကွဲမှု လေကြိမ်ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

FedEx ကုန်လှောင်ရုံမှာ ပေါက်ကွဲခဲ့တဲ့ ပါဆယ်ဗုံးကြောင့် ဝန်ထမ်းတစ်ဦး အသေးစားဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ FedEx မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ အစောပိုင်းက အော်စတင်မြို့မှာ ဖြစ်ခဲ့တဲ့ ပါဆယ်ဗုံးပေါက်ကွဲမှု လေးခုနဲ့ ဆက်စပ်နေနိုင်ကြောင်း FBI ပြောခွင့်ရအမျိုးသမီး မစ်ချယ်လီက CNN သတင်းဌာနကို ပြောခဲ့ပါတယ်။

play


ဒေသခံမီဒီယာတွေနဲ့ ရဲတပ်ဖွဲ့က ပြောကြားမှုအရ Schertz မြို့ရှိ FedEx ကုန်လှောင်ရုံမှာ ပေါက်ကွဲခဲ့တဲ့ ပါဆယ်ထုပ်ဟာ အော်စတင်မြို့ရှိ လိပ်စာတစ်ခုကို လိပ်မူထားကြောင်းလည်း သိရပါတယ်။ ယခင် ဖြစ်ပွားခဲ့တဲ့ ပါဆယ်ဗုံးပေါက်ကွဲမှု လေးခုမှာတော့ ပါဆယ်ဗုံးတွေကို ပစ္စည်းပို့ဆောင်တဲ့ ဝန်ဆောင်မှုတွေဖြင့် ပို့ဆောင်ခဲ့ခြင်းမဟုတ်ဘဲ နေအိမ်တံခါးဝမှာ ညပိုင်းအချိန် လာရောက်ချထားခဲ့တာ ဖြစ်ပါတယ်။

အော်စတင်မြို့မှာ ပါဆယ်ဗုံးတွေ ဆက်တိုက်ပေါက်နေမှုကြောင့် ဗုံးရှာဖွေရေးဆောင်ရွက်ရာမှာ သတင်းပေးသူကို ဆုကြေးငွေ အမေရိကန်ဒေါ်လာတစ်သိန်း ပေးအပ်သွားမယ်လို့လည်း အာဏာပိုင်တွေက ကမ်းလှမ်းထားခဲ့ပါတယ်။

အော်စတင်မြို့မှာ ပထမဆုံး ပါဆယ်ဗုံးပေါက်ကွဲမှုဟာ မတ်လ ၂ ရက်မှာ ဖြစ်ပွားခဲ့ပြီး အသက် ၂၉ နှစ်အရွယ် အန်သိုနီ စတီဖင်ဟောက်စ် အမည်ရှိ အမျိုးသားဟာ ၎င်းရဲ့နေအိမ်မှာ သေဆုံးခဲ့ပါတယ်။ ထို့နောက် အဆိုပါ ပေါက်ကွဲမှုနဲ့ ဆက်စပ်နေတဲ့ ပါဆယ်ဗုံးပေါက်ကွဲမှုနှစ်ခု ၁၀ ရက်အကြာမှာ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

play


အသက် ၁၇ နှစ်အရွယ် ဒရေလင်ဝီလီယံမက်ဆွန်ဟာ ၎င်းရဲ့နေအိမ်အတွင်း ပါဆယ်ထုပ်ယူဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ၎င်းရဲ့မိခင်လည်း ဒဏ်ရာပြင်းထန်စွာရခဲ့ပါတယ်။ ထို့နောက် နာရီပိုင်းအကြာမှာ အသက် ၇၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့ပါတယ်။

မတ်လ ၁၈ ရက် နှောင်းပိုင်းမှာလည်း အော်စတင်မြို့ အနောက်တောင်ပိုင်းမှာ နောက်ထပ် ပါဆယ်ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

"ပါဆယ်ဗုံးဖြင့် တိုက်ခိုက်မှုတွေကို ရည်ရွယ်ချက်တစ်ခုဖြင့် လုပ်ဆောင်နေသလားဆိုတာ အတည်မပြုနိုင်သေးပါဘူး၊ ဒါပေမဲ့ ဒီလို ဗုံးခွဲတိုက်ခိုက်နေသူတွေကို အာဏာပိုင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ကြဖို့ မေတ္တာရပ်ခံပါတယ်" လို့ အော်စတင်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ ဘရိုင်ယန်မန်လေးက ပြောထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD