AD
AD
AD

နိုင်ဂျီးရီးယားနိုင်ငံမှာ ကြွက်မှတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားတဲ့ လက်စ်ဆာအဖျားရောဂါ (Lassa fever) ကြောင့် သေဆုံးသူအရေအတွက် ၁၁၀ အထိ ရှိလာကြောင်းနဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၅၃ ဦးရှိကြောင်း နိုင်ဂျီးရီးယား ရောဂါထိန်းချုပ်ရေးဌာန (Nigeria Centre for Disease Control - NCDC) က ပြောပါတယ်။

play


နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း သံသယရှိသူ ၇၆၆ ဦးရှိကြောင်းနဲ့ ကူးစက်ခံရနိုင်ခြေရှိသူ ၃,၁၂၆ ဦးကိုလည်း စောင့်ကြည့်နေကြောင်း NCDC က သတင်းထုတ်ပြန်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရပြီး လက်စ်ဆာအဖျားရောဂါ ဖြစ်ပွားသူ ပြည်နယ်ငါးခုမှာ နောက်ထပ် ၃၅ ဦးရှိလာခဲ့ပြီး ခုနစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ဂျီးရီးယားမှာ လက်စ်ဆာအဖျားရောဂါ ကူးစက်ပျံ့နှံ့မှု အများဆုံး စံချိန်တင်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ ဇန်နဝါရီ ၁ ရက်မှ မတ်လ ၄ ရက်အထိ လက်စ်ဆာအဖျားရောဂါ ဖြစ်ပွားကြောင်း သံသယရှိသူ ၁,၁၂၁ ဦးရှိခဲ့ပြီး ၃၅၃ ဦးဟာ လက်စ်ဆာအဖျားရောဂါ ဖြစ်နေကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

play

လက်စ်ဆာအဖျားရောဂါ (Lassa fever)

လက်စ်ဆာအဖျားရောဂါဟာ ကြွက်မှတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖြစ်ပွားပြီး ခန္ဓာကိုယ်တွင်း သွေးလွန်မှုဖြစ်စေတဲ့ ပြင်းထန်တဲ့အဖျားရောဂါ ဖြစ်ပါတယ်။ လက်စ်ဆာအဖျားရောဂါဟာ အနောက်အာဖရိကနိုင်ငံများ၊ အထူးသဖြင့် နိုင်ဂျီးရီးယားမှာ အများဆုံးဖြစ်ပွားကြောင်း သိရပါတယ်။

အဆိုပါ အဖျားရောဂါကို ၁၉၆၉ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ လက်စ်ဆာအဖျားရောဂါ လက္ခဏာတွေဟာ အတန်အသင့်နဲ့ အပြင်းအထန် ဖြစ်နိုင်ပြီး ပြင်းထန်ပါက သွားဖုံး၊ မျက်လုံးနဲ့ နှာခေါင်းတို့မှာ သွေးယိုစိမ့်မှုတွေ ဖြစ်တတ်ပါတယ်။

play


လက်စ်ဆာအဖျားရောဂါဟာ ဗိုင်းရပ်စ်ရှိနေတဲ့ ကြွက်တွေနဲ့ ထိတွေ့ထားတဲ့ အစားအစာ သို့မဟုတ် ပစ္စည်းတွေကို ကိုင်တွယ်မိတဲ့ လူများထံသို့လည်းကောင်း၊ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူတစ်ဦးရဲ့ ခန္ဓာကိုယ်မှထွက်ရှိတဲ့ အရည်တစ်မျိုးမျိုးကို ထိတွေ့မှုကြောင့်လည်းကောင်း ကူးစက်ပျံ့နှံ့ပါတယ်။ လက်စ်ဆာအဖျားရောဂါအတွက် ယခုအချိန်ထိ ကာကွယ်ဆေးမရှသေးကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD