AD
AD
AD

မလေးရှားဝန်ကြီးချုပ်သစ် ဒေါက်တာမဟာသီယာမိုဟာမက်ရဲ့ဇနီး ဝန်ကြီးချုပ်ကတော်က ၎င်းတို့ကို ဆုမွန်ကောင်းတောင်း ဂုဏ်ပြုကြသူများအား လက်ဆောင်ပစ္စည်းများ နောက်ထပ် မပေးပို့ကြရန် ပန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

play
မလေးရှားအစိုးရရုံးစိုက်ရာ ပူထရာယာဂျာမှာ တွေ့ရသည့် မဟာသီယာဇနီးမောင်နှံ


ဝန်ကြီးချုပ်ကတော် စစ်တီဟက်စ်မာ မိုဟာမက်အလီက သမီးဖြစ်သူ မာရီနာမဟာသီယာမှတစ်ဆင့် Facebook မှာ ပို့စ်ရေးသားပြီး ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ "အမေက အားလုံးကို အမှာစကားတစ်ခု ပြောပေးဖို့ ကျွန်မကို ပို့စ်တင်ခိုင်းခဲ့ပါတယ်" လို့ မာရီနာက ရေးသားထားပါတယ်။

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူမအနေနဲ့ အလွန်များပြားလှတဲ့ ဆုမွန်ကောင်းတောင်းမှုတွေနဲ့ ဂုဏ်ပြုမှုတွေကို လက်ခံရရှိခဲ့ပြီး ထိုသို့ ဆုမွန်ကောင်းဂုဏ်ပြုကြသူအားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ်ကတော်က ပြောပါတယ်။

play
မာရီနာမဟာသီယာရဲ့ Facebook post


"ဂုဏ်ပြုကြသူတွေက ပန်းတွေ၊ အစားအစာတွေနဲ့ အခြား လက်ဆောင်တွေကို ပေးပို့ခဲ့ကြပါတယ်" လို့ မာရီနာရဲ့ Facebook ပို့စ်မှာ ရေးထားပါတယ်။ ယခုအခါ မိခင်ဖြစ်သူက ၎င်းတို့ကို ဂုဏ်ပြုကြသူတွေအနေနဲ့ လက်ဆောင်ပစ္စည်းများ နောက်ထပ် မပေးပို့ကြရန် ပြောကြားခိုင်းခဲ့တယ်လို့ မာရီနာကဆိုပါတယ်။

ဝန်ကြီးချုပ်မဟာသီယာ အစိုးရသစ်အနေနဲ့ နိုင်ငံရေးသမားတွေကို ပန်းတွေနဲ့ အစားအစာမှလွဲပြီး လက်ဆောင်ပစ္စည်းများ လက်ခံခြင်းမပြုရန် စည်းကမ်းသတ်မှတ်ထားတာကြောင့် ဖြစ်တယ်လို့ မာရီနာက ဖြည့်စွက်ပြောထားပါတယ်။

play
မဟာသီယာဇနီးမောင်နှံကို ၎င်းတို့နေအိမ်မှာ တွေ့ရစဉ်


ဝန်ကြီးချုပ်မဟာသီယာနဲ့ဇနီးတို့ဟာ ပူထရာဂျာယာရှိ Seri Perdana ဝန်ကြီးချုပ်အိမ်တော်သို့လည်း ပြောင်းရွှေ့မှာမဟုတ်ဘဲ ၎င်းတို့ရဲ့ ကိုယ်ပိုင်နေအိမ်မှာသာ ဆက်လက် နေထိုင်ကြမယ်လို့ သိရပါတယ်။ "နေရတာ အဆင်ပြေပါတယ်၊ ဒါပေမဲ့ နောက်ထပ် ပစ္စည်းပစ္စယတွေအတွက်တော့ အမှန်တစ်ကယ်ကို နေရာမရှိတော့ပါဘူး" လို့လည်း မာရီနာရဲ့ Facebook ပို့စ်မှာ ရေးထားပါတယ်။

ဝန်ကြီးချုပ်မဟာသီယာရဲ့ဇနီးက လက်ဆောင်ပစ္စည်းများ နောက်ထပ် မပို့ကြရန် ပြောကြားရခြင်းကို နားလည်ပေးကြရန်နဲ့ ၎င်းတို့ထံ လက်ဆောင်များပေးမယ့်အစား လူမှုရေးအသင်းအဖွဲ့များကို လှူဒါန်းကြရန် တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD