AD
AD
AD

ကင်မ်ဂျုံအန်နဲ့ ထိပ်သီးဆွေးနွေးပွဲ အစီအစဉ်ကို သမ္မတဒေါ်နယ်ထရန့်က ဖျက်သိမ်းလိုက်ပြီးနောက် မြောက်ကိုရီးယားအနေနဲ့ အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိနေဆဲဖြစ်ကြောင်း ယနေ့ (မေလ ၂၅ ရက်) ပြောကြားလိုက်ပါတယ်။ ထိပ်သီးဆွေးနွေးပွဲ အစီအစဉ် ပျက်ပြယ်သွားရခြင်းကို အလွန်ဝမ်းနည်းမိကြောင်းလည်း မြောက်ကိုရီးယားကဆိုပါတယ်။

play
Kim Kye Gwan


"အမေရိကန်က ထိပ်သီးဆွေးနွေးပွဲ ဖျက်သိမ်းကြောင်း ရုတ်တရက်ကြေညာလိုက်တာက ကျွန်တော်တို့အတွက် မျှော်လင့်မထားတဲ့ အခြေအနေပါ၊ ကျွန်တော်တို့ ဘာမှမတတ်နိုင်ပါဘူး၊ ဒါပေမဲ့ အလွန်ဝမ်းနည်းစရာကောင်းပါတယ်" လို့ မြောက်ကိုရီးယား ပထမ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kim Kye Gwan ရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားထားမှုကို အစိုးရသတင်းဌာန KCNA က ဖော်ပြခဲ့ပါတယ်။

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်


"သမ္မတထရန့်က အခြားသမ္မတတွေ မလုပ်ဆောင်ခဲ့ဖူးတဲ့ သမိုင်းဝင် မြောက်ကိုရီးယားနဲ့အမေရိကန် ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်နိုင်ဖို့ အားထုတ်ကြိုးပမ်းခဲ့မှုကို ကျွန်တော်တို့ လေးစားပါတယ်" လို့လည်း Kim Kye Gwan က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

play
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်


ဒါ့အပြင် အမေရိကန်နဲ့ နေရာမရွေး ပုံစံမရွေး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီး ပြဿနာတွေကို ဖြေရှင်းသွားဖို့ မြောက်ကိုရီးယားက ဆန္ဒရှိနေဆဲဖြစ်ကြောင်း Kim Kye Gwan က ဆိုပါတယ်။ အမေရိကန်သမ္မတထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း မေလ ၂၄ ရက်မှာ ကြေညာခဲ့ပါတယ်။

play
မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်စခန်းကို ဖောက်ခွဲဖျက်ဆီးစဉ်


မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်တဲ့ ဥမင်လှိုဏ်ခေါင်းတွေကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ အမေရိကန်သမ္မတရဲ့ ထိပ်သီးဆွေးနွေးပွဲ ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

Postby


ထိပ်သီးဆွေးနွေးပွဲ ဖျက်သိမ်းရခြင်းဟာ မြောက်ကိုရီးယားနိုင်ငံက လတ်တလော ထုတ်ပြန်မှုတစ်ခုမှာ ဒေါသတကြီးနဲ့ ပြောင်ပြောင်တင်းတင်း ရန်လိုမှုတို့ ပါဝင်နေခဲ့တာကြောင့် ဖြစ်တယ်လို့ အမေရိကန်သမ္မတထရန့်က ဆိုပါတယ်။

ထရန့်က ထိပ်သီးဆွေးနွေးပွဲ ဖျက်သိမ်းလိုက်ကြောင်းကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ထံ စာတစ်စောင်ပေးပို့ခဲ့ရာ ၎င်းအနေနဲ့ တစ်နေ့နေ့မှာ ကင်မ်ဂျုံအန်ကို တွေ့ဆုံရန် မျှော်လင့်နေဆဲဖြစ်ကြောင်း ရေးသားထားကြောင်း သိရပါတယ်။

play
Choe Son-hui


အစောပိုင်းမှာ မြောက်ကိုရီးယားအစိုးရ ထိပ်တန်းအရာရှိတစ်ဦးဖြစ်သူ Choe Son-hui က အမေရိကန်ဒုတိယသမ္မတ မိုက်ခ်ပင့်စ်ရဲ့ ဝေဖန်ပြောဆိုမှုကို တင်းမာစွာတုံ့မှုရှိခဲ့ပါတယ်။ ၎င်းက အမေရိကန်ဒုတိယသမ္မတဟာ အသုံးမကျတဲ့ ဆင်ခြင်တုံတရားမရှိသူလို့ ပြောဆိုခဲ့ပါတယ်။ မိုက်ခ်ပင့်စ်က မြောက်ကိုရီးယားဟာ လစ်ဗျားနိုင်ငံကဲ့သို့ အဆုံးသတ်သွားနိုင်ဖွယ်ရှိတယ်လို့ အစောပိုင်းမှာ ဝေဖန်ခဲ့ကြောင်း သိရပါတယ်။

play
အမေရိကန်ဒုတိယသမ္မတ မိုက်ခ်ပင့်စ်


အမေရိကန်က နျူကလီးယားလက်နက်ဖျက်သိမ်းရေးကိုသာ တစ်ဖတ်သက် တောင်းဆိုနေပါက ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းသွားနိုင်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြောကြားထားခဲ့ပြီး ယခုအခါ ထိပ်သီးဆွေးနွေးပွဲ အစီအစဉ်ကို ဖျက်သိမ်းကြောင်း အမေရိကန်ဘက်မှ ဦးစွာကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ ဧပြီ ၂၇ ရက် ထိပ်သီးဆွေးနွေးပွဲပြီးနောက် အမေရိကန်သမ္မတထရန့်နဲ့တွေ့ဆုံရန် စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD