AD
AD
AD

နျူကလီးယားလက်နက်ဖျက်သိမ်းရေးကိုသာ အမေရိကန်က တစ်ဖက်သတ် ဖိအားပေးတောင်းဆိုနေပါက နှစ်နိုင်ငံခေါင်းဆောင်များ ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကို ဖျက်သိမ်းသွားနိုင်ကြောင်း မြောက်ကိုရီးယားနိုင်ငံက သတိပေးလိုက်ပါတယ်။

play
ကင်မ်ဂျုံအန်နှင့် ဒေါ်နယ်ထရန့်


မြောက်ကိုရီးယားရဲ့ အဆိုပါ သတိပေးမှုထွက်ပေါ်လာပြီးနောက် သမ္မတဒေါ်နယ်ထရန့်နဲ့ ကင်မ်ဂျုံအန်တို့ ထိပ်သီးဆွေးနွေးပွဲကို စီစဉ်ထားတဲ့အတိုင်း ဖြစ်မြောက်နိုင်မယ်လို့ မျှော်လင့်ထားဆဲဖြစ်ကြောင်း ယနေ့ (မေလ ၁၆ ရက်) ပြောပါတယ်။

"ထိပ်သီးတွေ့ဆုံပွဲ ပြုလုပ်နိုင်မယ်လို့ ကျွန်မတို့ မျှော်လင့်ထားဆဲပါပဲ၊ ကျွန်မတို့ အဲဒီလမ်းကြောင်းအတိုင်း ဆက်လက် ဆောင်ရွက်သွားမှာပါ" လို့ အမေရိကန်သမ္မတအိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအကြီးအကဲ ဆာရာစန်းဒါးစ် Fox News သတင်းဌာနကို ပြောခဲ့ပါတယ်။

play
အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အကြီးအကဲ ဆာရာစန်းဒါးစ်


"တစ်ချိန်တည်းမှာပဲ ဒီကိစ္စတွေဟာ ခက်ခဲတဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ဖြစ်လာနိုင်တဲ့ အခြေအနေကိုလည်း ကျွန်မတို့ ပြင်ဆင်ထားပါတယ်" လို့ ဆာရာစန်းဒါးစ်က ဆိုပါတယ်။

ယနေ့ အစောပိုင်းမှာ မြောက်ကိုရီးယား ပထမ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kim Kye Gwan က "တစ်ကယ်လို့ အမေရိကန်က နျူကလီးယားလက်နက်ဖျက်သိမ်းရေးကိုသာ တစ်ဖက်သတ် ချောင်ပိတ် တောင်းဆိုနေတာဆိုရင်တော့ ကျွန်တော်တို့က ဒီလို တွေ့ဆုံဆွေးနွေးဖို့ စိတ်မဝင်စားဘူး" လို့ သတင်းထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။

play


ကင်မ်ဂျုံအန်နဲ့ ထရန့်တို့ရဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို လာမယ့် ဇွန်လ ၁၂ ရက်မှာ စင်ကာပူနိုင်ငံမှာ ပြုလုပ်သွားရန် စီစဉ်ထားတာ ဖြစ်ပါတယ်။

သို့သော် အမေရိကန်က နျူကလီးယားလက်နက်ဖျက်သိမ်းရေး တစ်ခုတည်းကိုသာ တစ်ဖက်သတ် ဖိအားပေးတောင်းဆိုနေပြီး မြောက်ကိုရီးယားရဲ့ ငြိမ်းချမ်းလိုလားမှုကို အသိအမှတ်မပြုပါက ထိပ်သီးဆွေးနွေးပွဲ အစီအစဉ်ကို ပြန်လည် သုံးသပ်ရမှာဖြစ်ကြောင်း ပြုံယမ်းအစိုးရသတင်းဌာန KCNA က ပြောပါတယ်။

ဒါ့အပြင် နျူကလီးယားလက်နက် စွန့်လွှတ်ပါက အကူအညီများပေးသွားမယ်လို့ အမေရိကန်ရဲ့ ပြောကြားမှုကိုလည်း လက်မခံနိုင်ကြောင်း KCNA သတင်းက ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD