AD
AD
AD

မြောက်ကိုရီးယားနိုင်ငံက ၎င်းရဲ့ နျူကလီးယားစမ်းသပ်စခန်းကို အစောပိုင်းမှာ ကတိပေးထားခဲ့တဲ့အတိုင်း လာမယ့် မေလ ၂၃ နဲ့ ၂၅ ရက်ကြားမှာ အခမ်းအနားဖြင့် ဖျက်သိမ်းသွားမယ်လို့ စနေနေ့ (မေလ ၁၂ ရက်) မှာ ပြောပါတယ်။

play
Punnggye-ri နျူကလီးယားစမ်းသပ်စခန်း တည်နေရာ ဂြိုဟ်တုဓာတ်ပုံ


Punggye-ri နျူကလီးယားစမ်းသပ်စခန်းရဲ့ မြေအောက်ဥမင်အားလုံးကို ဖောက်ခွဲဖျက်ဆီးပစ်ခြင်း၊ အဝင်ပေါက်များကို ပိတ်ဆို့ခြင်းနဲ့ စောင့်ကြည့်နေရာများ၊ သုတေသနအဆောက်အအုံများနဲ့ လုံခြုံရေးစောင့်ကြပ်မှုတွေကို ဖယ်ရှားခြင်းတို့ လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရသတင်းဌာန Korean Central News Ageny (KCNA) က သတင်းထုတ်ပြန်ခဲ့ပါတယ်။

play
ဟိုက်ဒရိုဂျင်ဗုံးကို ကင်မ်ဂျုံအန် စစ်ဆေးကြည့်ရှုနေစဉ်


နျူကလီးယားစမ်းသပ်စခန်း ဖျက်သိမ်းမှုကို နိုင်ငံခြားသတင်းထောက်များအား ဖိတ်ခေါ်ပြသသွားမယ်လို့လည်း မြောက်ကိုရီးယားက ပြောထားပါတယ်။ နျူကလီးယားစမ်းသပ်စခန်း ဖျက်သိမ်းမှုကို ကင်မ်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ သီတင်းသုံးပတ်ခန့်အလိုမှာ ပြုလုပ်သွားရန် စီစဉ်ထားတာလည်း ဖြစ်ပါတယ်။

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်


မြောက်ကိုရီးယားက ၎င်းရဲ့ကတိအတိုင်း နျူကလီးယားစမ်းသပ်စခန်းကို ဖျက်သိမ်းသွားမှာကို ကျေးဇူးတင်ကြောင်း မေလ ၁၂ ရက်မှာ ပြောခဲ့ပါတယ်။ ကင်မ်ဂျုံအန်နဲ့ ထရန့်တို့ဟာ စင်ကာပူနိုင်ငံမှာ ဇွန်လ ၁၂ ရက်မှာ တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေပါတယ်

နျူကလီးယားစမ်းသပ်စခန်း ဖျက်သိမ်းမှု အခမ်းအနားသို့ တောင်ကိုရီးယား၊ တရုတ်၊ အမေရိကန်၊ ဗြိတိန်နဲ့ ရုရှားနိုင်ငံတို့မှ သတင်းထောက်များကို မျက်မြင်သက်သေအဖြစ် ဖိတ်ခေါ်ပြသသွားမယ်လို့လည်း သိရပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်း တောင်တန်းဒေသမှာ တည်ဆောက်ထားတဲ့ Punggye-ri စခန်းဟာ မြောက်ကိုရီးယားရဲ့ အဓိက နျူကလီးယားစခန်းဖြစ်တယ်လို့ ယူဆရပါတယ်။

နျူကလီးယားစမ်းသပ်စခန်း ဖျက်သိမ်းမယ့်ရက် အတိအကျကို ထုတ်ပြန်နိုင်ရန်မှာ ရာသီဥတု အခြေအနေများပေါ် မူတည်နေတယ်လို့လည်း မြောက်ကိုရီးယားက ပြောပါတယ်။

play
မြောက်ကိုရီးယား နျူကလီးယား ဓာတ်ပေါင်းဖို


မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှုတွေကို အဆိုပါစခန်းဧရိယာအတွင်း Mantap တောင်အောက်မှာ ဆောက်လုပ်ထားတဲ့ ဥမင်လှိုဏ်ခေါင်းတွေထဲမှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားက ၂၀၀၆ ခုနှစ်မှစပြီး နျူကလီးယားစမ်းသပ်မှု ခြောက်ကြိမ်ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးအကြိမ် နျူကလီးယားစမ်းသပ်မှုကို ယမန်နှစ် စက်တင်ဘာလမှာ ပြုလုပ်ခဲ့ပြီး ထိုစဉ်က ဟိုက်ဒရိုဂျင်ဗုံးတစ်လုံး ဖောက်ခွဲခဲ့ပါတယ်။ အဆိုပါ ဟိုက်ဒရိုဂျင်ဗုံးအား ပေါက်ကွဲအားပြင်းထန်လွန်းတာကြောင့် အင်အား ရစ်(ခ်)တာစကေး ၆.၃ အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

play
မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်မှုနဲ့ ငလျင်လှုပ်ခတ်ခဲ့မှုများ


ကင်မ်ဂျုံအန်နဲ့ထရန့်တို့ ထိပ်သီးတွေ့ဆုံပွဲ ကြိုတင်ပြင်ဆင်မှုအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီအိုက မြောက်ကိုရီးယားကိုသွားရောက်ခဲ့ပြီးနောက် နျူကလီးယားစမ်းသပ်စခန်း ဖျက်သိမ်းသွားမယ့် ရက်အပိုင်းအခြားကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ဖျက်သိမ်းသွားမယ့် Punggye-ri စခန်းဟာ ယမန်နှစ် စက်တင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ နျူကလီးယားစမ်းသပ်မှုအဖြစ် ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲခဲ့မှုအတွင်း ပြိုကျပျက်စီးခဲ့ပြီး အသုံးပြုလို့မရနိုင်တော့တဲ့ အခြေအနေဖြစ်ကြောင်း တရုတ်နိုင်ငံမှ မြေငလျင်ပညာရှင်တွေက အစောပိုင်းမှာ ကောက်ချက်ချ ပြောကြားထားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD