International News: Note 7 ဂယက်ကြောင့် ဆမ်ဆောင်း အမြတ်အစွန်း ၃၀ ရာခိုင်နှုန်း လျော့ကျ

ဆမ်ဆောင်းက တတိယသုံးလပတ် အမြတ်အစွန်း ပမာဏဟာ ၂ နှစ်အတွင်း အနည်းဆုံးသို့ လျော့ကျခဲ့တာလည်း ဖြစ်ပါတယ်။

play


တောင်ကိုရီးယားအခြေစိုက် ဆမ်ဆောင်းကုမ္ပဏီရဲ့ ယခုနှစ် တတိယသုံးလပတ် အမြတ်အစွန်းဟာ ယမန်နှစ် အလားတူ ကာလကထက် ၃၀ ရာခိုင်နှုန်း လျော့ကျသွားကြောင်း သိရပါတယ်။

play


Galaxy Note 7 စမတ်ဖုန်းများ ဘက်ထရီချို့ယွင်းမှုကြောင့် မီးလောင်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ထုတ်လုပ်မှုနဲ့ရောင်းချမှုတွေ ရပ်ဆိုင်းခဲ့ရခြင်းက ဆမ်ဆောင်းရဲ့ အမြတ်ငွေကို သိသာစွာ လျော့ကျစေခဲ့ပါတယ်။ ဆမ်ဆောင်းက တတိယသုံးလပတ် အမြတ်အစွန်း ပမာဏဟာ ၂ နှစ်အတွင်း အနည်းဆုံးသို့ လျော့ကျခဲ့တာလည်း ဖြစ်ပါတယ်။

play


ဆမ်ဆောင်းရဲ့ တတိယသုံးလပတ် အမြတ်အစွန်းဟာ ဝမ်ငွေ ၅.၂ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၄.၅၇ ဘီလီယံ) ဖြစ်ကြောင်း ယနေ့ (အောက်တိုဘာ ၂၇ ရက်) မှာ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

play


ဆမ်ဆောင်းက တတိယသုံးလပတ် အမြတ်အစွန်းကို ဝမ်ငွေ ၇.၈ ထရီလီယံ ရရှိနိုင်ကြောင်း အစောပိုင်းက ခန့်မှန်းထားခဲ့ပေမဲ့ Note 7 ပြဿနာကြောင့် ဆုံးရှုံးမှုတွေ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

ဆမ်ဆောင်းရဲ့ မိုဘိုင်းဌာနခွဲ အမြတ်အစွန်းမှာ ဝမ်ငွေ ၁၀၀ ဘီလီယံ ရှိခဲ့ပြီး အဆိုပါ ပမာဏဟာ ၂၀၀၈ ခုနှစ် စတုတ္ထသုံးလပတ် နောက်ပိုင်း အနိမ့်ဆုံးဖြစ်ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ