AD
AD
AD

တာဝန်ချိန်ပြင်ပ ဖြစ်နေခဲ့ပေမဲ့ စာသင်ကျောင်းတစ်ကျောင်းမှာ ကလေးနဲ့မိဘတွေကို တိုက်ခိုက်လုယက်ရန် ကြိုးပမ်းခဲ့တဲ့ သေနတ်သမားအား ပစ်ခတ်ဟန့်တားခဲ့သူ ဆော်ပေါလိုမြို့ရဲတပ်ဖွဲ့မှ ရဲမေတစ်ဦးကို ဘရာဇီးနိုင်ငံမှာ ဝိုင်းဝန်းချီးကျူးခဲ့ကြပါတယ်။

play
အမျိုးသမီးရဲအရာရှိ ကက်တီယာ


အသက် ၄၂ နှစ်အရွယ် ကက်တီယာဒါဆေးလ်ဗား ဆက်စ်ထရီအမည်ရှိ အမျိုးသမီးရဲအရာရှိဟာ မေလ ၁၂ ရက်က တာဝန်ချိန်ပြင်ပမှာ ဆော်ပေါလိုမြို့ရှိ Colégio Ferreira Master ကျောင်းမှာ တက်ရောက်နေတဲ့ သူမရဲ့ ကလေးတွေကို သွားကြိုခဲ့ပါတယ်။

ကက်တီယာဟာ စာသင်ကျောင်းရှေ့မှာ စောင့်ဆိုင်းနေစဉ် ခေါင်းစွပ်ဆွယ်တာအင်္ကျီအနက်နဲ့ ဘောင်းဘီအတို ဝတ်ဆင်ထားတဲ့ သေနတ်သမားတစ်ဦးက ကလေးနဲ့မိဘတွေကို သေနတ်ဖြင့်ချိန်ရွယ်ပြီး တိုက်ခိုက်လုယက်ရန် ကြိုးပမ်းခဲ့ပါတယ်။

play


ထိုစဉ် ရဲအရာရှိ ကက်တီယာက သူမရဲ့ ပစ္စတိုကိုဆွဲထုတ်ကာ ရန်ပြုလာတဲ့ သေနတ်သမားကို အနီးကပ် ပစ်ခတ်ဟန့်တားခဲ့တာကို CCTV မှတ်တမ်းဗီဒီယိုမှာ တွေ့ခဲ့ရပါတယ်။ ထို့နောက် ကက်တီယာက သေနတ်ကို ခြေထောက်ဖြင့် ကန်ထုတ်ခဲ့ပစ်ခဲ့ပြီးနောက် သေနတ်သမားကို ဝမ်းလျားမှောက်စေပြီး သေနတ်ဖြင့်ချိန်ရွယ် ဖမ်းဆီးခဲ့ပါတယ်။

play


ကက်တီယာ ပစ်ခတ်ခဲ့တဲ့ သေနတ်သမားဟာ ဆေးရုံရောက်ပြီးနောက် သေဆုံးသွားခဲ့ပါတယ်။ တနင်္ဂနွေနေ့ (မေလ ၁၃ ရက်) မှာတော့ ကက်တီယာရဲ့ ရဲရင့်တဲ့လုပ်ရပ်အတွက် သူမကို သစ်ခွပန်းစည်းနဲ့အတူ ဆော်ပေါလို မြို့တော်ဝန်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

မြို့တော်ဝန် မာစီယိုဖရန်ကာက "ကက်တီယာဟာ ကလေးတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ရန်ပြုတိုက်ခိုက်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ဝင်ရောက်ဟန့်တားခဲ့တယ်" လို့ ပြောပါတယ်။

play


"တစ်ကယ်ဆို တာဝန်ချိန်မဟုတ်တဲ့အတွက် ကက်တီယာအနေနဲ့ ဒီလို လုပ်စရာမလိုဘဲ နေလို့ရပါတယ်၊ ဒါပေမဲ့ ကလေးတွေနဲ့ သူတို့မိသားစုတွေကို သူက အကာအကွယ်ပေးခဲ့ပါတယ်၊ ရဲအရာရှိ ကက်တီယာကို ချီးကျူးဂုဏ်ပြုပါတယ်" လို့ မြို့တော်ဝန် မာစီယိုဖရန်ကာက ဆိုပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD