သြစတြေးလျနိုင်ငံမှာ ကိုအာလာ ဝက်ဝံတစ်ကောင်ကို သစ်သားတိုင်တစ်ခုမှာ ဝက်အူစုပ်ပြီး ကပ်ထားမှု တွေ့ရှိခဲ့ရပြီးနောက် ဆိုရှယ်မီဒီယာမှာ ဒေါသတကြီး တုံ့ပြန်မှုတွေ ဇန်နဝါရီ ၁၁ ရက်က ပျံ့နှံ့ခဲ့ပါတယ်။

ရုတ်တရက်ကြည့်ပါက ကိုအာလာဝက်ဝံက သစ်သားတိုင်ကို ဖက်တွယ်တက်နေတယ်လို့ မြင်ရပေမဲ့ အနီးကပ် စစ်ဆေးကြည်ရှုရာမှာတော့ သေဆုံးနေပြီးသား ဝက်ဝံကို သစ်သားတိုင်မှာ ဝက်အူစုပ်ထားတာ ဖြစ်ပါတယ်။

play


ကွင်းစ်လန်းပြည်နယ် ဘရစ္စဘိန်းမြို့မြောက်ဘက် ၁၀၈ မိုင်အကွာရှိ Gynpie မြို့ငယ်အနီးမှ Brooloo Park Lookout ဥယျာဉ်တစ်ခုအတွင်း အဆိုပါဖြစ်ရပ်ကို တွေ့ခဲ့ရကြောင်း Koala Rescue Queensland (KRQ) က ပြောပါတယ်။ ဝက်ူဝံရဲ့အရှေ့မှာ သစ်ရွက်အချို့ကို ချိတ်ဆွဲထားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ကိုအာလာဝက်ဝံဟာ မည်သို့ သေဆုံးခဲ့ကြောင်းကို မသိရသေးဘဲ သားမွှေးတွေမှာတော့ သွေးများပေကျံနေတယ်လို့ ဆိုပါတယ်။

ဝက်ဝံကို ဝက်အူစုပ်ထားခဲ့သူကို ဖော်ထုတ်သိရှိပါက တိရိစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုဖြင့် တရားစွဲခံရမှာ ဖြစ်တယ်လို့ တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ RSPCA က ပြောပါတယ်။

play


"ကျွန်တော် ကိုအာလာဝက်ဝံတွေ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်လာခဲ့တာ ၁၀ နှစ်ရှိပါပြီ၊ ဒီလိုဖြစ်ရပ်မျိုး မကြုံခဲ့ဖူးပါဘူး" လို့ KRQ အဖွဲ့အစည်းမှ မာရေးချမ်ဘာက ဆိုပါတယ်။

သစ်သားတိုင်မှာ ဝက်အူစုပ်ထားခံရတဲ့ ကိုအာလာဝက်ဝံဟာ ကားတိုက်ခံခဲ့ရဖွယ်ရှိကြောင်းနဲ့သေဆုံးခဲ့ပြီးနောက် ထိုသို့ ပြုလုပ်ထားခဲ့ခြင်း ဖြစ်နိုင်တယ်လို့ ၎င်းက သုံးသပ်ခဲ့ပါတယ်။

ကိုအာလာဝက်ဝံကို တွေ့ရှိရတဲ့ ဥယျာဉ်အနီးမှာ ကားလမ်းမတစ်ခု ရှိနေကြောင်းလည်း သိရပါတယ်။ သြစတြေးလျနိုင်ငံဟာ ကိုအာလာဝက်ဝံတွေရဲ့ မူရင်းဒေသလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video