AD
AD
AD

ဂျပန်နိုင်ငံမှာ အထူးအရည်အသွေးကောင်း ယူဘာရီ သခွားမွှေးသီးနှစ်လုံးကို စံချိန်တင်လေံဈေးနှုန်း ဂျပန်ယန်းငွေ ၃.၂ သန်း (မြန်မာငွေ သိန်း ၄၀၀ နီးပါး၊ အမေရိကန်ဒေါ်လာ ၂၉,၃၀၀) ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။

ဂျပန်မှာ ယူဘာရီ (Yubari) သခွားမွှေးသီးကို ဂုဏ်အဆင့်အတန်း ပြယုဂ်အဖြစ် တန်ဖိုးထားကြတယ်လို့ ဆိုပါတယ်။ ဂျပန်မှာ ရာသီပေါ်သစ်သီး လေလံတင်ရောင်းချမှုကို ပုံမှန်ပြုလုပ်လေ့ရှိပြီး လူမှုအသိုင်းအဝိုင်းကြား ဂုဏ်ရှိချင်သူများနဲ့ ဖောက်သည်တွေကို ဆွဲဆောင်လိုတဲ့ ဆိုင်ပိုင်ရှင်တွေက အလွန်မြင့်မားတဲ့ ဈေးနှုန်းများဖြင့် ဝယ်ယူလေ့ရှိကြပါတယ်။

play
မြန်မာငွေ သိန်း ၄၀၀ နီးပါးဖြင့် လေလံတင်ရောင်းချခဲ့သည့် သခွားမွှေးသီးနှစ်လုံး


ဂျပန်မြောက်ပိုင်း ဟော့ကိုင်ဒိုကျွန်းရှိ Sapporo ဗဟိုလက်ကားဈေးမှာ ပြုလုပ်ခဲ့တဲ့ ယူဘာရီ သခွားမွှေးသီးနှစ်လုံး လေလံတင်ရောင်းချပွဲမှာ သစ်သီးအရောင်းလုပ်ငန်းတစ်ခုက လေလံအောင်သွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ယခု လေလံတင်ရောင်းချခဲ့တဲ့ သခွားမွှေးနှစ်လုံးရဲ့ တန်ဖိုးငွေဟာ ဂျပန်နိုင်ငံမှာ ကားအသစ်တစ်စီး ဝယ်ယူနိုင်ခဲ့တဲ့ ပမာဏဖြစ်ကြောင်းလည်း သိရပါတယ်။ ယခင်က သစ်သီးလေလံဈေးနှုန်း အမြင့်ဆုံးအဖြစ် လွန်ခဲ့တဲ့ ၂ နှစ်မှာ ဂျပန်ယန်းငွေ ၃ သန်းဖြင့် ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။

play
ဂျပန်သခွားမွှေးစိုက်ခင်းတစ်ခု


"ဒီနှစ်မှာ မေလအစောပိုင်းကတည်းက နေသာချိန်များခဲ့တာကြောင့် ယူဘာရီ သခွားမွှေးတွေ အထွက်ကောင်းခဲ့တယ်" လို့ Sapporo ဈေးမှ တာဝန်ရှိသူ တတ်ဆူရိုရှီဘူတာက ပြောခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ယူဘာရီ သခွားမွှေးသီးတွေကို အဆင့်မြင့်ဝိုင်ကဲ့သို့ ဂုဏ်အဆင့်အတန်းပြယုဂ်အဖြစ် ယူဆထားကြပါတယ်။ ဂျပန်လူမျိုးတွေကြားမှာ သခွားမွှေးသီးတွေကို မိတ်ဆွေများနဲ့ လုပ်ဖော်ကိုင်ဖက်များအတွက် လက်ဆောင်အဖြစ် ဝယ်ယူကြလေ့ရှိကြောင်းလည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD