AD
AD
AD

အမေရိကန်က မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုအတွင်း ပါကစ္စတန် တာလီဘန်အုပ်စုမှ ထိပ်တန်းခေါင်းဆောင် ခါလစ်မာဆွတ် သေဆုံးခဲ့ကြောင်း တာလီဘန်တို့က ပြောပါတယ်။

play
TTP ဒုတိယခေါင်းဆောင် ခါလစ်မာဆွတ်


ခါလစ်ဟာ အစွန်းရောက် ပါကစ္စတန်တာလီဘန်အုပ်စုရဲ့ အဓိကအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Tehrik-e Taliban Pakistan (TTP) မှ ဒုတိယခေါင်းဆောင် ဖြစ်တယ်လို့ ဆိုပါတယ်။

၎င်းဟာ အာဖဂန်နစ္စတန်နဲ့ နယ်စပ်ဒေသ မြောက်ပိုင်းဝါဇီရစ္စတန်မှာ ကြာသပတေးနေ့ (ဖေဖေါ်ဝါရီ ၈ ရက်) က အမေရိကန် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း TTP အုပ်စု သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

TTP အုပ်စုကို ပါကစ္စတန်မှာ တရားမဝင်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး နိုင်ငံအတွင်း ဒါဇင်နဲ့ချီတဲ့ အသေခံဗုံးခွဲမှုနဲ့ အခြားတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

play
အမေရိကန် မောင်းသူမဲ့လေယာဉ်


အဆိုပါအုပ်စုက ယမန်နှစ် ဒီဇင်ဘာလအတွင်း ပက်ရှ်ဝါပြည်နယ်ရှိ ကောလိပ်ကျောင်းကို စီးနင်းတိုက်ခိုက်ခဲ့မှုကြောင့် လူကိုးဦးထက်မနည်း သေဆုံးခဲ့ပြီး ၃၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

TTP ဒုတိယခေါင်းဆောင် ခါလစ်သေဆုံးမှုဟာ ပါကစ္စတန်တာလီဘန်တို့ကို ပိုမိုအားနည်းသွားစေမယ်လို့ သုံးသပ်ကြပါတယ်။ ပါကစ္စတန်စစ်တပ်က ချေမှုန်းရေးထိုးစစ်ဆင်မှုကြောင့် တာလီဘန်အုပ်စုဟာ ၎င်းတို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း လျှော့ချနေရတယ်လို့ ဆိုပါတယ်။

play
ပါကစ္စတန်တာလီဘန် တိုက်ခိုက်ရေးသမားများ


TTP စစ်သွေးကြွတွေဟာ စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်ဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြကြောင်း ပါကစ္စတန်အာဏာပိုင်တွေက ပြောထားပါတယ်။

TTP ဒုတိယခေါင်းဆောင် ခါလစ်မာဆွတ်

၂၀၁၆ ခုနှစ် သြဂုတ်လမှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ဆိုင်ရာ ခေါင်းဆောင် ဟာဖစ်ဇ်ဆာအိဒ်ခန်း သေဆုံးခဲ့ပြီးနောက် TTP ဒုတိယခေါင်းဆောင် ခါလစ်မာဆွတ်ဟာ အာဖဂန်-ပါကစ္စတန်ဒေသမှာ သေဆုံးခဲ့တဲ့ အရေးအပါအဆုံး စစ်သွေးကြွခေါင်းဆောင် ဖြစ်ပါတယ်။

ခါလစ်ဟာ တောင်ပိုင်းဝါဇီရစ္စတန်မှာ တိုက်ခိုက်မှုတွေ ပြုလုပ်တဲ့အပြင် ပါကစ္စတန်အတွင်းပိုင်းမှာလည်း တိုက်ခိုက်မှုတွေကို ဦးဆောင်ခဲ့ပါတယ်။ ၎င်းဟာ TTP အုပ်စုကို တည်ထောင်သူ ဘိုင်သူလာ မာဆွတ်နဲ့ ဟတ်ကီမူလာမာဆွတ်တို့နေရာကို ဆက်ခံသူလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD