AD
AD
AD

တက္ကဆက်တက္ကသိုလ်မှ သိပ္ပံပညာရှင်များဟာ ကင်ဆာရောဂါကို ၁၀ စက္ကန့် အတွင်း သိနိုင်မယ့် ဘောပဲင်အရွယ် ကိရိယာလေးတစ်ခုကို တီထွင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိရိယာလေးဟာ ကင်ဆာအကျိတ်များကို အရင်ကထက် ဘေးကင်းကင်းနဲ့ ပိုမိုတိကျမြန်ဆန်စွာ ဖယ်ရှားရာမှာ အကူအညီဖြစ်စေတော့မှာ ဖြစ်ပါတယ်။

play

 

MasSpec Pen လို့ ခေါ်တဲ့ ဒီ pen လေးဟာ ကင်ဆာအကျိတ်ကို စစ်ဆေးရာမှာ အရင်နည်းလမ်းဟောင်းတွေထက် အဆပေါင်း ၁၅၀ အထိ ပိုမိုမြန်ဆန်လာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ယခုနည်းပညာဟာ ကင်ဆာအကျိတ်ကို ဖယ်ရှားရာမှာ အရင်ကထက်ပိုပြီး တိကျလာစေဖို့ ခွဲစိတ်အထူးကု ဆရာဝန်တွေကို အကူအညီပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ ကင်ဆာလူနာတိုင်း ကြောက်ကြတဲ့ အကျိတ်တွေ အကုန် ဖယ်ရှားနိုင်ရဲ့လားဆိုတဲ့ မေးခွန်းအတွက် အလင်းရောင်တစ်ခုလည်း ဖြစ်လာဖို့ ရှိပါတယ်။

 

သိပ္ပံပညာရှင်များရဲ့ အဆိုအရ ကင်ဆာတစ်မျိုးစီမှာ လက်ဗွေလိုမျိုး ကိုယ်ပိုင် မော်လီကျူး ဖွဲ့ စည်းပုံရှိထားပြီး MasSpec Pen ကို ကင်ဆာသံသယရှိတဲ့ တစ်ရှုးစပေါ် ထားလိုက်တာနဲ့ ဒီအပေါ်ကို ရေစက်သေးသေးတစ်စက် ချသွားမှာ ဖြစ်ပါတယ်။ ပြီးတာနဲ့ ဆဲလ်ထဲမှာ ရှိနေတဲ့ ဓါတုပစ္စည်းတွေဟာ ရေထဲပါသွားမှာ ဖြစ်ပြီး pen ကနေ စုပ်ယူသွားမှာပါ။ ဒီ pen မှာ ဓါတုပစ္စည်းထောင်ပေါင်းများစွာကို စက္ကန့် ပိုင်းအတွင်း တိုင်းတာသွားမယ့် spectrometer တစ်ခုချိတ်ထားတာ ဖြစ်လို့ ဒီကနေမှ ဆရာဝန်တွေဟာ ယင်းဓါတုဖွဲ့ စည်းပုံလက္ခဏာကြည့်ပြီး ကင်ဆာဟုတ်မဟုတ် ခွဲခြားနိုင်တော့မှာပါ။

 

တက္ကဆက်တက္ကသိုလ်မှ သိပ္ပံပညာရှင်များဟာ ဒီနည်းပညာကို ရင်သား ၊ အဆုတ် ၊ လည်ချောင်းနဲ့  သားအိမ်ခေါင်း ကင်ဆာဝေဒနာရှင်ပေါင်း ၂၅၃ ဦးမှာ စမ်းသပ်ခဲ့ပြီး ၁၀ စက္ကန့် အတွင်း ရောဂါအဖြေကို သိနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စမ်းသပ်မှုဟာလည်း ၉၆% တိကျမှုရှိခဲ့ပါတယ်။

 

ထူးခြားတာက ဒီ pen ဟာ ကင်ဆာဝေဒနာရှင်များကို ခွဲစိတ်ကုသရာမှာ ကင်ဆာအကျိတ် လုံးလုံး မကျန်အောင်အထိ ကူညီပေးနိုင်တာဖြစ်လို့ ကင်ဆာကုသရေးမှာ လမ်းစတစ်ခု ဖြစ်လာပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD