International News: တိုင်းမ်မဂ္ဂဇင်းက ဒေါ်နယ်ထရန့်ကို Person of the Year အဖြစ် ရွေးချယ်

တိုင်းမ်မဂ္ဂဇင်းက တစ်နှစ်အတွင်း ကောင်းတဲ့ဘက်မှာဖြစ်စေ၊ ဆိုးတဲ့ဘက်မှာဖြစ်စေ ကမ္ဘာတစ်ဝန်း သြဇာလွှမ်မိုးမှု အရှိဆုံးပုဂ္ဂိုလ်ကို Person of the Year အဖြစ် နှစ်စဉ် ရွေးချယ်ဖော်ပြပါတယ်။

play


တိုင်းမ်မဂ္ဂဇင်းက ၂၀၁၆ ခုနှစ်အတွက် တစ်နှစ်တာ လူပုဂ္ဂိုလ် (Person of the Year) အဖြစ် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။ နယူးယော့ခ်မှ စီးပွားရေးလုပ်ငန်းရှင် ထရန့်ရဲ့ မဲဆွယ်စည်းရုံးမှုတွေနဲ့ ရွေးကောက်ပွဲအနိုင်ရရှိမှုက အမေရိကန် နိုင်ငံရေးလောကကို လှုပ်ခတ်စေခဲ့မှုအပေါ် အသိအမှတ်ပြုပြီး တိုင်းမ်က ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

play


နိုင်ငံရေးလောကကို လှုပ်ခတ်စေခဲ့တဲ့ ထရန့်ရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ခန့်မှန်းနိုင်ရန် ခက်ခဲကြောင်းလည်း တိုင်မ်းက ဆိုပါတယ်။ ထရန့်ကို တစ်နှစ်တာ လူပုဂ္ဂိုလ်အဖြစ် ရွေးချယ်လိုက်ကြောင်း တိုင်မ်းမဂ္ဂဇင်းက ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။

တိုင်းမ်မဂ္ဂဇင်းက တစ်နှစ်အတွင်း ကောင်းတဲ့ဘက်မှာဖြစ်စေ၊ ဆိုးတဲ့ဘက်မှာဖြစ်စေ ကမ္ဘာတစ်ဝန်း သြဇာလွှမ်မိုးမှု အရှိဆုံးပုဂ္ဂိုလ်ကို တစ်နှစ်တာ လူပုဂ္ဂိုလ် (Person of the Year) အဖြစ် နှစ်စဉ် ရွေးချယ်ဖော်ပြပါတယ်။ ယခုနှစ်ရွေးချယ်မှုဟာ အကြိမ် ၉၀ မြောက်ဖြစ်ကြောင်းလည်း သိရပါတယ်။

play


တိုင်းမ်မဂ္ဂဇင်းက တစ်နှစ်တာအတွင်း သြဇာလွှမ်းမိုးမှုအရှိဆုံး တစ်နှစ်တာ လူပုဂ္ဂိုလ်အဖြစ် ဆန်ခါတင်စာရင်းမှာ ထရန့်ရဲ့ သမ္မတရွေးကောက်ပွဲပြိုင်ဘက် ဒီမိုကရက်တစ်ပါတီမှ ဟီလာရီကလင်တန်၊ တူရကီသမ္မတအာဒိုဂန်နဲ့ အဆိုတော် ဘီယွန်းဆေးတို့လည်း ပါဝင်ခဲ့ပါတယ်။ ထရန့်ဟာ အမေရိကန်သမ္မတအဖြစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်မှာ တရားဝင် ကျမ်းသစ္စာကျိန်ဆိုသွားမှာ ဖြစ်ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ