AD
AD
AD

ပီရူးနိုင်ငံမှာ ရှေးဟောင်းသုတေသနပညာရှင်တွေက တွေ့ရှိခဲ့သမျှထဲမှာ အကြီးဆုံးဖြစ်တဲ့ ကလေးများအား ယဇ်ပူဇော်ထားမှု အထောက်အထားနေရာကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

play


ရှေးဟောင်းသုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တဲ့နေရာမှာ သားကောင် ၂၀၀ နဲ့အတူ သတ်ဖြတ်ထားတဲ့ ကလေးငယ် ၁၄၀ ကျော်ရဲ့ ရုပ်ကြွင်းတွေကို တွေ့ခဲ့ရကြောင်းနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၅၀ ခန့်က ပြုလုပ်ခဲ့ကြတဲ့ ယဇ်ပူဇော်မှု ရိုးရာဓလေ့ပုံစံ ဖြစ်တယ်လို့ National Geographic က ဧပြီ ၂၆ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကလေးတွေကို ယဇ်ပူဇော်ထားကြောင်း တွေ့ရှိရတဲ့နေရာဟာ ပစိဖိတ်သမုဒ္ဒရာကို မျက်နှာပြုထားတဲ့ တောင်စောင်းထိပ်တစ်ခုမှာ ဖြစ်ပါတယ်။ အဆိုပါ တောင်စောင်းနေရာဟာ ပီရူးနိုင်ငံရဲ့ ကမ်းရိုးတန်းမြို့ ထရူဂျီလိုမြို့ပြင် အနောက်မြောက်မှာ တည်ရှိပါတယ်။

play


ထရူဂျီလိုမြို့ဟာ ပီရူးနိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ ၈၀၀,၀၀၀ နေထိုင်လျက်ရှိကြောင်း သိရပါတယ်။ ရှေးခတ် Aztec, Maya နဲ့ Inca လူမျိုးတွေကြားမှာ လူသားတွေကို ယဇ်ပူဇော်တဲ့ ရိုးရာဓလေ့များ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကလေးတွေရဲ့ ရုပ်ကြွင်းများကို စစ်ဆေးမှုတွေအရ ယဇ်ပူဇော်ခဲ့မှုကို အေဒီ ၁၄၀၀-၁၄၅၀ ဝန်းကျင်မှာ ပြုလုပ်ခဲ့တယ်လို့ ယူဆရပါတယ်။ ယဇ်ပူဇော်ခံခဲ့ရတဲ့ ကလေးတွေဟာ အသက်ငါးနှစ်မှ ၁၄ နှစ်ကြားအရွယ်တွေ ဖြစ်ကြောင်းနဲ့ အများစုဟာ အသက်ရှစ်နှစ်နဲ့ ၁၂ နှစ်ကြား ဖြစ်တယ်လို့ National Geographic က ပြောပါတယ်။

play


တူးဖော်တွေ့ရှိခဲ့တဲ့ ကလေးတွေရဲ့ ရုပ်ကြွင်းတွေမှာ ရင်ညွန့်နေရာမှ အရိုးအပါအဝင် အရိုးများကို ဖြတ်တောက်ထားမှု၊ နံရိုးများပျက်စီးနေပြီး နှလုံးများထုတ်ယူခံထားရမှုတွေကြောင့် အဆိုပါကလေးတွေဟာ ယဇ်ပူဇော်ခံခဲ့ရတယ်လို့ ရှေးဟောင်းသုတေသီတွေက ကောက်ချက်ချခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်အတွင်းကလည်း နှစ်ပေါင်း ၃,၅၀၀ သက်တမ်းရှိ ဘုရားကျောင်းတစ်ခုကို တူးဖော်ခဲ့စဉ် ယဇ်ပူဇော်ထားတဲ့ ကလေးငယ် ၄၂ ဦးနဲ့ သားကောင် ၇၆ ကောင်ရဲ့ ရုပ်ကြွင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD