နိုင်ငံတကာရာဇဝတ်မှုတရားရုံး (International Criminal Court - ICC) က မူးယစ်စစ်ပွဲနဲ့ ပတ်သက်ပြီး ၎င်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဆိုပါက လုပ်ဆောင်နိုင်ကြောင်းနဲ့ ထောင်ကျခံမယ့်အစား သေနတ်ဖြင့် ပစ်သတ်ခံလိုက်မယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားလိုက်ပါတယ်။

play
ဖိလစ်ပိုင်သမ္မတ ဒူတာတေး


နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးမှုတွေကို ပြောင်ပြောင်တင်းတင်း ဖီဆန်ခဲ့သူအဖြစ် နာမည်ကြီးသူ သမ္မတဒူတာတေး (Duterte) က မူးယစ်စစ်ပွဲအတွင်း လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့မှုအတွက် ICC အနေနဲ့ ၎င်းကို စွဲချက်တင်ပြီး တရားစီရင်ပိုင်ခွင့်အပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။

ဒူတာတေးက မူးယစ်းဆေးဝါးမှုနဲ့ သံသယရှိသူတွေကို သတ်ပစ်ရန် ရဲတပ်ဖွဲ့ကို မည်သည့်အခါကမျှ အမိန့်ပေးညွှန်ကြားခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

play
ICC ရှေ့နေ Fatou Bensouda


ICC ရှေ့နေ Fatou Bensouda က ဖိလစ်ပိုင်အစိုးရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှုမှာ လူအများအပြား သေဆုံးခဲ့ရမှု၊ ဗင်နီဇွဲလားနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို ဖြိုခွင်းခဲ့မှုတို့နဲ ပတ်သက်ပြီး ကနဦး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဖေဖေါ်ဝါရီ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

"ကျွန်တော် ခင်ဗျားနဲ့စကားပြောဖို့ အထူးအခွင့်အရေးပေးပါမယ်၊ အခန်းထဲမှာ ကျွန်တော်တို့နှစ်ယောက်တည်းပေါ့၊ ကျွန်တော် ခင်ဗျားကိုကြိုဆိုလျက်ပါ၊ ခင်ဗျား ကျွန်တော်ကိုအပြစ်ရှာချင်တယ်ဆိုရင် ဆက်လုပ်ပါ၊ ရပါတယ်၊ လူတွေကို သေနတ်နဲ့ပစ်ပြီး ကွပ်မျက်တဲ့နိုင်ငံတစ်နိုင်ငံ ရှာလိုက်ပါ၊ ကျွန်တော် အဆင့်သင့်ပါပဲ" လို့ ဒူတာတေးက ICC ရှေ့နေကို ရည်ညွှန်းပြောကြားလိုက်ပါတယ်။

play
ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မတ်ဒူရို


ဖိလစ်ပိုင်နဲ့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်များထံမှ မေတ္တာရပ်ခံမှုတွေ ရှိလာခဲ့ပြီးနောက် ICC က စုံစမ်းစစ်ဆေးသွားမယ့် ယခု ဆုံးဖြတ်ချက်ကို မကြံစဖူး ချမှတ်လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ နှစ်နိုင်ငံမှ အတိုက်အခံခေါင်းဆောင်တွေက သဘောထားတင်းမားတဲ့ ၎င်းတို့ရဲ့အစိုးရတွေဟာ လူမှုအသိုင်းအဝိုင်းအပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။

play
ဖိလစ်ပိုင်ရဲတပ်ဖွဲ့ဝင်များ


ICC ရှေနေ့ Fatou Bensouda က သူမအနေနဲ့ ဖိလစ်ပိုင်နဲ့ ဗင်နီဇွဲလားက ဖြစ်ရပ်တွေကို အနီးကပ်နဲ့ လွပ်လပ်စွာ ဂရုစိုက်လေ့လာခဲ့ကာ ဘက်လိုက်မှုမရှိတဲ့ သုံးသပ်မှုပြုလုပ်ခဲ့ပြီးနောက် တစ်နိုင်ငံစီရဲ့ အခြေအနေကို ကနဦး စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောပါတယ်။

ဖိလစ်ပိုင်နဲ့ ဗင်နီဇွဲလား နှစ်နိုင်ငံလုံးက ICC ရဲ့ Rome Statute ကို လက်မှတ်ရေးထိုးထားပြီး ၎င်းတို့ပိုင်နက်အတွင်း ရာဇဝတ်မှုတွေကို ICC အနေနဲ့ စုံစမ်းစစ်ဆေးရန် သဘောတူခွင့်ပြုထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်း - ဖိလစ်ပိုင်နဲ့ ဗင်နီဇွဲလား အစိုးရတွေကို နိုင်ငံတကာရာဇဝတ်မှုတရားရုံးက စုံစမ်းစစ်ဆေးမည်

ဖိလစ်ပိုင်မူးယစ်စစ်ပွဲ

ဖိလစ်ပိုင်မှာ သမ္မတဒူတာတေး အာဏာရလာပြီးနောက် မူးယစ်ဆေးဝါနှိမ်နင်းမှုကို စစ်ဆင်ရေးအသွင် လုပ်ဆောင်ခဲ့မှုအတွင်း ဥပဒေကျော်လွန်ပြီး အသတ်ခံရမှုတွေ ရှိခဲ့ကြောင်း ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။

ကြမ်းတမ်းပြင်းထန်တဲ့ ဒူတာတေးရဲ့ မူးယစ်စစ်ပွဲကို ပြည်တွင်းနဲ့ နိုင်ငံတကာမှ ဝေဖန်ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။ ဖိလစ်ပိုင် မူးယစ်စစ်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင်တွေက ပစ်သတ်မှုအပြင် ကြေးစားလူသတ်သမားများဖြင့် သတ်ဖြတ်မှုတွေလည်း အများအပြား​​ ရှိခဲ့တယ်လို့ ဆိုပါတယ်။

play
ဖိလစ်ပိုင်မူးယစ်စစ်ပွဲအတွင်း ပစ်သတ်ခံရသူတစ်ဦး


ICC ရဲ့ အဆိုအရ ဖိလစ်ပိုင်မှာ သမ္မတဒူတာတေးက မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးစတင်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇူလိုင် ၁ ရက်မှစပြီး ဥပဒေကျော်လွန်ဆောင်ရွက်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဖိလစ်ပိုင်မူးယစ်စစ်ပွဲအတွင်း လူ ၃,၉၀၀ အသတ်ခံခဲ့ကြောင်းနဲ့ အသတ်ခံရသူအားလုံးဟာ ၎င်းတို့ကိုဖမ်းဆီးစဉ် ပြန်လည်ခုံခံ တိုက်ခိုက်ခဲ့မှုကြောင့်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောထားပါတယ်။

သို့သော် ပြည်တွင်းနဲ့ နိုင်ငံတကာမှ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေက ဖိလစ်ပိုင်မူးယစ်စစ်ပွဲအတွင်း လက်ရှိအချိန်ထိ လူပေါင်း ၁၄,၀၀၀ ကျော် အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video