AD
AD
AD
play


စင်ကာပူနိုင်ငံမှာ Pokemon GO စမတ်ဖုန်းဂိမ်းကစားမှုနဲ့ ပတ်သက်ပြီး ရန်ဖြစ်မှုကြောင့် လူနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ယခုဖမ်းဆီးမှုဟာ လတ်တလော ရေပန်းစားနေတဲ့ Pokemon GO နဲ့ ဆက်နွယ်ပြီး စင်ကာပူမှာ ပထမဆုံး ဖမ်းဆီးမှုလည်း ဖြစ်လာကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ချက်မှာ ဖော်ပြပါတယ်။

play


တနင်္ဂနွေနေ့ (သြဂုတ် ၁၄ ရက်) က ကားမောင်းသူတစ်ဦးနဲ့ လမ်းလျှောက်သွားနေသူတစ်ဦး ရန်ဖြစ်နေကြောင်း တိုင်ကြားမှုကို ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုအရ လမ်းလျှောက်သွားနေသူက စမတ်ဖုန်းမှာ Pokemon GO ဆော့ကစားရင်း လမ်းဖြတ်ကူးစဉ် ကားမောင်းသူက ၎င်းကို ဟွန်းတီးသတိပေးခဲ့ရာက အချင်းများခဲ့ပြီးနောက် အပြန်အလှန် ထိုးကြိတ်ခဲ့ကြကြောင်း သိရပါတယ်။

play


အဖမ်းခံရတဲ့ Pokemon GO ဂိမ်းဆော့သူနဲ့ ကားမောင်းသူ နှစ်ဦးလုံးဟာ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုစွဲချက်ဖြင့် ထောင်ဒဏ်တစ်နှစ်အထိ သို့မဟုတ် စင်ကာပူဒေါ်လာ ၅,၀၀၀ ဒဏ်ရိုက်ခံရနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ စင်ကာပူရဲတပ်ဖွဲ့က Pokemon GO စမတ်ဖုန်းဂိမ်း ဆော့ကစားသူတွေ လိုက်နာသင့်တဲ့ သတိပေးချက်တွေကိုလည်း ထုတ်ပြန်ထားကြောင်း သိရပါတယ်။
Source & Photo: CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD