AD
AD
AD
play

 

ဖုန်းတစ်လုံးနဲ့ အာရုံများနေခဲ့တဲ့ မိခင်တစ်ဦးဟာ သူမရဲ့ တစ်နှစ်သားအရွယ်ကလေးငယ်ရဲ့တွန်းလှည်း ရေကန်စပ်နားကို လိမ့်ကျသွားခဲ့တာကိုတောင် သတိမထားလိုက်တဲ့ဖြစ်ရပ် ဗီယက်နမ်မှာ ဖြစ်ပွားခဲ့ပါတယ်။

ရွမ်ဟောင်း ရေကန်အနီးမှာ အသက် ၃၀ ခန့်အမျိုးသမီးက သူမရဲ့ကလေးငယ်ကို တွန်းလှည်းထဲမှာ ထည့်ထားခဲ့ပြီး ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေခဲ့တာဖြစ်ပါတယ်။ အဲဒီအနီးအနားကသူတွေအဆိုအရတော့ သူမဟာ စမတ်ဖုန်းနဲ့ Pokemomn Go ကစားနေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီရေကန်အနီးမှာလည်း Pokemon Go ဂိမ်းအတွက် အကောင်လာဖမ်းသူတွေ အများအပြားဖြစ်ပါတယ်။

play

 

ကလေးငယ်ရဲ့ တွန်းလှည်းရေကန်ထဲ လိမ့်ကျသွားတာကိုမြင်လိုက်တဲ့ နိုင်ငံခြားသား အမျိုးသားတစ်ဦးနဲ့လူငယ်တစ်ဦးက အပြေးအလွှားသွားရောက်ကလေးငယ်ကို ရေထဲက ချက်ခြင်း ကယ်ဆယ်လိုက်နိုင်တာဖြစ်ပါတယ်။ တွန်းလှည်းဟာ ရေကန်အစပ်နားကိုသာ ပြုတ်ကျခဲ့လို့ ကလေးငယ်ကို အချိန်မီ ကယ်လိုက်နိုင်တာဖြစ်ပြီး အဆိုပါရေကန်ဟာ ၂ မီတာနက်တဲ့ ရေကန်ဖြစ်ပါတယ်။

play

 

ကလေးငယ်ရဲ့ မိခင်ဟာ Pokemon ဂိမ်းကစားနေတယ်ဆိုတာ သက်သေမရှိပေမဲ့ အဲဒီအနီးအနားကသူတွေကတော့ သူမ Pokemon Go ကစားနေတာလို့ အခိုင်အမာ ပြောဆိုနေကြပါတယ်။

Source : Vietnma Expres

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD