AD
AD
AD

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ လိင်ဆက်ဆံခဲ့ဖူးကြောင်း ဖွင့်ဟပြောခဲ့တဲ့ အပြာဇာတ်ကားမင်းသမီးက ထရန့်နဲ့ပတ်သက်ပြီး နှုတ်ပိတ်ထားရန် ခြိမ်းခြောက်ခံခဲ့ရတယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ စတွန်မီ ဒန်နီရယ်စ် (အမည်ရင်း စတက်ဖနီကလစ်ဖော့ဒ်) အမည်ရှိ အမျိုးသမီးက CBS News ရဲ့ '60 Minutes' အစီအစဉ်မှာ ထိုသို့ ပြောခဲ့တာ ဖြစ်ပါတယ်။

play
'60 Minutes' အစီအစဉ်မှာ တွေ့ရသည့် စတွန်မီ


စတွန်မီက '60 Minutes' အစီအစဉ်မှာ ပြောကြားခဲ့မှုအရ ၂၀၁၁ ခုနှစ်အတွင်းက ကားပါကင်နေရာတစ်ခုမှာ သူမရဲ့ နို့စို့အရွယ် သမီးနဲ့အတူ ရှိနေခဲ့စဉ် မည်သူမှန်းမသိတဲ့ အမျိုးသားတစ်ဦးက သူမထံချဉ်းကပ်လာခဲ့ပြီးနောက် ထရန့်နဲ့ကိစ္စကို နှုတ်ပိတ်နေရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရပါတယ်။

"ယောက်ျားတစ်ယောက်က ကျွန်မအနားကို လမ်းလျှောက်လာခဲ့ပြီး 'ထရန့်နဲ့ဝေးဝေးနေ၊ ဇာတ်လမ်းရှိခဲ့တာ မေ့ပစ်လိုက်' လို့ ပြောတယ်၊ ပြီးတော့ ကျွန်မ သမီးလေးကိုတွေ့ပြီး 'ချစ်စရာကောင်းတဲ့ ကလေးမလေးပါလား၊ သူ့အမေ ပြဿနာဖြစ်ရင်တော့ ဒီကလေး အရှက်ရမှာပဲ' လို့ ပြောပြီး ထွက်သွားခဲ့တယ်" လို့ စတွန်မီက ဆိုပါတယ်။

play
အပြာဇာတ်ကားမင်းသမီး စတွန်မီ


အမေရိကန်သမ္မတ အိမ်ဖြူတော်က CBS News ရဲ့ '60 Minutes' မှာ စတွန်မီ ပြောခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း အခိုင်အမာ ငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။ စတွန်မီနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ '60 Minutes' အစီအစဉ်ကို CBS News က တနင်္ဂနွေနေ့ (မတ်လ ၂၅ ရက်) မှာ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

စတွန်မီက သူမတို့ ဇာတ်လမ်းနဲ့ပတ်သက်ပြီး ဖွင့်ချမှုမပြုရန် နှစ်ဦးနှစ်ဖက် သဘောတူညီချက်မှာ သမ္မတထရန့်က လက်မှတ်ရေးထိုးခဲ့ခြင်း မရှိကြောင်းဖြင့် စတွန်မီက သမ္မတထရန့်ကို မတ်လ ၆ ရက်မှာ တရားစွဲဆိုထားကြောင်း သိရပါတယ်။

ဒ့ါအပြင် စတွန်မီက ထရန့်ရဲ့ရှေ့နေ မိုက်ကယ်ကိုဟင်ကိုလည်း အသေရဖျက်မှုဖြင့် မတ်လ ၂၆ ရက်မှာ တရားစွဲဆိုလိုက်ပါတယ်။ ထရန့်ရဲ့ရှေ့နေ မိုက်ကယ်ကိုဟင်ကတော့ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလအတွင်း ထိုကိစ္စနဲ့ပတ်သက်ပြီး စတွန်မီကို ဒေါ်လာ ၁၃၀,၀၀၀ ပေးခဲ့တယ်လို့ ပြောထားခဲ့ဖူးပါတယ်။

play
ထရန့်ရဲ့ရှေ့နေ မိုက်ကယ်ကိုဟင်


သမ္မတထရန့်ရဲ့ ရှေ့နေတွေကလည်း စတွန်မီဟာ နှစ်ဦးနှစ်ဖက် သဘောတူညီမှုကို ချိုးဖောက်ခဲ့ကြောင်းနဲ့ သူမထံမှ နစ်နာကြေး ဒေါ်လာသန်း ၂၀ တောင်းဆိုရန် စီစဉ်နေတယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ မတိုင်မီ စတွန်မီကို ထရန့်နဲ့ပတ်သက်ခဲ့ဖူးကြောင်း ဖွင့်ဟပြောခြင်းမပြုရန် သဘောတူညီမှုတစ်ရပ် ပြုလုပ်ထားခဲ့တယ်လို့ ဆိုပါတယ်။

play
သမ္မတထရန့်နှင့် သမ္မတကတော် မီလန်နီယာ


သမ္မတထရန့်က မတ်လ ၂၅ ရက် ညနေပိုင်းမှာ ဖလော်ရီဒါမှ အိမ်ဖြူတော်ကို ပြန်လာစဉ်အတွင်း သတင်းထောက်တွေရဲ့ '60 Minutes' အင်တာဗျူးကို ကြည့်ဖြစ်ခဲ့ခြင်းရှိ မရှိ အော်ဟစ်မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

စတွန်မီက သူမဟာ ထရန့်နဲ့ ၂၀၀၆ ခုနှစ် ဇူလိုင်လအတွင်း ကယ်လီဖိုးနီးယားရှိ ဟိုတယ်တစ်ခုမှာ တစ်ကြိမ်သာ လိင်ဆက်ဆံခဲ့ဖူးကြောင်း ပြောခဲ့ပါတယ်။ ထိုစဉ်က စတွန်မီက အသက် ၂၇ နှစ်အရွယ် ဖြစ်တယ်လို့ သိရပါတယ်။

play
ထရန့်နဲ့ Playboy မော်ဒယ် ကာရင်မက်ဒေါ့ဂဲလ်


စတွန်မီအပြင် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း CNN မှာ ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာလည်း Playboy မော်ဒယ် ကာရင်မက်ဒေါ့ဂဲလ်က ၂၀၀၆ ခုနှစ်အတွင်းမှစပြီး ထရန့်နဲ့ ၁၀ လကြာ ဇာတ်လမ်းရှိခဲ့ဖူးကြောင်း ပြောခဲ့ပါတယ်။

သမ္မတထရန့်နဲ့ လိင်မှုကိစ္စ ပတ်သက်ခဲ့ဖူးကြောင်း အပြာဇာတ်ကားမင်းသမီးနဲ့ Playboy မော်ဒယ်တို့က ဖွင့်ဟပြောခဲ့ကြတဲ့ အချိန်မတိုင်မီ ၂၀၀၅ ခုနှစ်မှာ ထရန့်က သမ္မတကတော် မီလန်နီယာကို လက်ထပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD