AD
AD
AD

ပြင်သစ်နိုင်ငံမှာ သမ္မတအီမန်နျူရယ် မက်ခရွန်ရဲ့ အလုပ်သမားရေးရာ ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ သပိတ်မှောက်မှုများ ပေါ်ပေါက်လာခဲ့ရာ ရထားသယ်ယူပို့ဆောင်းရေးစနစ်များ ရပ်ဆိုင်းရမှုတွေ ဖြစ်ခဲ့ပါတယ်။

play
ရထားခရီးစဉ်များ ရပ်ဆိုင်းမှုကြောင့် ရထားစီးသူများ ဘူတာရုံမှာ စုံပြုံနေစဉ်


'Black Tuesday' လို့ အမည်ပေးထားတဲ့ သပိတ်မှောက်မှုတွေကို ယနေ့ (ဧပြီ ၃ ရက်) စတင်လိုက်ခြင်းဖြစ်ပြီး သုံးလကြာပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ သပိတ်မှောက်မှုတွေကြောင့် ငါးရက်မှာနှစ်ရက် ရထားသွားလာရေးကို သက်ရောက်မှုရှိမယ်လို့ သိရပါတယ်။

play
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်


အစိုးရရဲ့ ရထား သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်း SNCF က ဦးဆောင်ပြီး သပိတ်မှောက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပေမဲ့ စွမ်းအင်နဲ့ အမှိုက်သိမ်းတဲ့ ကဏ္ဍတွေကိုလည်း သက်ရောက်မှုရှိခဲ့ပါတယ်။ ယခုသပိတ်မှောက်မှုတွေက ယမန်နှစ် မေလအတွင်း သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း မက်ခရွန်အတွက် အကြီးမားဆုံး စိန်ခေါ်မှုလည်း ဖြစ်လာပါတယ်။

play
SNCF ရထားဝန်ထမ်းအချို့


အဓိက ရထားဝန်ထမ်းသမဂ္ဂလေးခုက သပိတ်မှောက်မှုမှာ ပါဝင်ခဲ့ရာ ရထားဝန်ဆောင်မှုများစွာ လျှော့ချရပ်ဆိုင်းခဲ့ပါတယ်။ SNCF ရဲ့ ရထားမောင်းနှင်သူ ၇၇ ရာခိုင်နှုန်းက သပိတ်မှောက်မှုမှာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ SNCF ဝန်ထမ်းအားလုံးရဲ့ ၃၄ ရာခိုင်နှုန်းဟာ သပိတ်မှောက်ခဲ့ကြတယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။

TGVs အမြန်ရထား ခရီးစဉ်ရှစ်ခုမှာတစ်ခုနဲ့ ဒေသတွင်း ရထားခရီးစဉ် ငါးခုမှတစ်ခုသာ ပြေးဆွဲကြောင်း သိရပါတယ်။ ရထားဝန်ထမ်းတွေရဲ့ သုံးလကြာ သပိတ်မှောက်မှုအတွင်း ပြင်သစ်ရထားပို့ဆောင်ရေးမှာ ခရီးစဉ်ရပ်ဆိုင်းရမှုနဲ့ လျှော့ချရမှုတွေ ၃၆ ရက် ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

play
ပြင်သစ်ရထားခရီးစဉ်များ ရပ်ဆိုင်းမှု ကြုံရမည့်ရက်များ


Eurostar ရထားကုမ္ပဏီရဲ့ ရထားခရီးစဉ် ၇၅ ရာခိုင်နှုန်း ပြေးဆွဲနေပြီး Thalys ရထားပို့ဆောင်ရေးဝန်ဆောင်မှုရဲ့ ဘယ်လ်ဂျီယံ၊ နယ်သာလန်နဲ့ ဂျာမနီကို ပြေးဆွဲနေတဲ့ ခရီးစဉ်အားလုံးနီးပါး ပုံမှန်အတိုင်းဖြစ်ကြောင်း သိရပါတယ်။ သို့သော် ပြင်သစ်ကနေ စပိန်၊ ဆွစ်ဇာလန် သို့မဟုတ် အီတလီသို့ ပြေးဆွဲတဲ့ ရထားခရီးစဉ်တွေ ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် ပါရီမြို့နဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကြား ပြေးဆွဲနေတဲ့ Eurostar ရထားခရီးစဉ် သုံးပုံတစ်ပုံကို ရပ်ဆိုင်ထားရပါတယ်။ ပြင်သစ်မှာ ရထားဝန်ထမ်းများအပြင် Air France လေကြောင်းလိုင်းမှ ဝန်ထမ်းတွေကလည်း လုပ်ခလစာ ၆ ရာခိုင်နှုန်း တိုးမြှင့်ပေးရေး တောင်းဆိုဆန္ဒပြနေမှု လေးရက်မြောက်ပြီ ဖြစ်ပါတယ်။

play
ပြင်သစ်ရထားဘူတာရုံမှာ လူအများအပြား သောင်တင်နေစဉ်

 
ဝန်ထမ်းများ တောင်းဆိုဆန္ဒပြနေမှုအတွင်း Air France ရဲ့ လေကြောင်းခရီးစဉ် ၇၅ ရာခိုင်နှုန်း ပျံသန်းနေကြောင်းလည်း သိရပါတယ်။ ပြင်သစ်အလုပ်သမားသမဂ္ဂတွေက အမှိုက်သိမ်းဝန်ထမ်းများကိုလည်း သပိတ်မှောက်ကြရန် တိုက်တွန်းထားပါတယ်။

စွမ်းအင်ကဏ္ဍရှိ အလုပ်သမားသမဂ္ဂတွေကလည်း သပိတ်မှောက် တောင်းဆိုမှုတွေ ပြုလုပ်ကြရန် နှိုးဆော်ထားကြောင်း သိရပါတယ်။ ပြင်သစ်မှာ ယခု ပေါ်ပေါက်နေတဲ့ သပိတ်မှောက်မှုများအတွင်း ထောင်နဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေလည်း ပါဝင်ခဲ့ကြပြီး တက္ကသိုလ်ဝင်ခွင့် စည်းမျဉ်းသတ်မှတ်ချက်တွေ ပိုမိုတင်းကျပ်မှုကို ကန့်ကွက်ခဲ့ကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD