International News: ဟောလိုးဝင်းအတွက် ဖေ့စ်ဘွတ်က Reaction အသစ်တွေမိတ်ဆက်

အောက်တိုဘာ ၃၁ ရက် ဟောလိုးဝင်းမတိုင်မီ မိတ်ဆက်လိုက်တာပါ။

play

အအောင်မြင်ဆုံး လူမှုကွန်ရက်ဖြစ်တာနဲ့အညီ ဖေ့စ်ဘွတ်ဟာ ဟောလိုးဝင်းပွဲအတွက်လည်း Reaction သစ်တွေ ထပ်မိတ်ဆက်လိုက်ပါပြီ။ ဟောလိုးဝင်းရဲ့ပုံရိပ်တွေဖြစ်တဲ့ ဖရုံသီးလေးနဲ့ သရဲတစ္ဆေပုံစံလေးတွေ ပြုလုပ်ထားပါတယ်။

play

Like ခလုတ်ဘေးနားက Haha ၊ Wow ၊ Sad နဲ့ Angry reaction လေးတွေကို ဟောလိုးဝင်းပုံစံ ပြောင်းလိုက်တာပါ။ Haha နေရာမှာ ခရမ်းရောင်စုန်းမလေးက ရယ်မောနေတဲ့အသွင်၊ အံ့သြနေတဲ့ တစ္ဆေဖြူလေးက Wow နဲ့ စိတ်ဆိုးနေရင်တော့ ဖရုံသီးလေးကို နှိပ်လို့ရမှာဖြစ်ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ