AD
AD
AD

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသရှိ ဈေးဝယ်စင်တာတစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၆၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ မီးလောင်မှုအတွင်း လူ ၁၀ ဦး ပျောက်ဆုံးနေကြောင်းနဲ့ သေဆုံးခဲ့နေသူတွေအနက် ကလေး ၄၁ ဦးအထိ ပါဝင်နိုင်ကြောင်း သိရပါတယ်။

play


ဆိုက်ဘေးရီးယားဒေသ ကီမိုရိုဗိုမြို့ရှိ Winter Cherry အဆောက်အအုံလေးထပ်မှ မတ်လ ၂၅ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီဝန်းကျင်မှာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း ရုရှားသတင်းဝက်ဘ်ဆိုက် Sputnik က ဖော်ပြပါတယ်။

ဆိုရှယ်မီဒီမှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ အဆောက်အအုံမှ မီးခိုးအများအပြားထွက်နေပြီး မီးသတ်သမားတွေက အဆောက်အအုံမှာရှိနေသူတွေကို ရွှေ့ပြောင်းပေးနေတာ တွေ့ရပါတယ်။ ယနေ့ (မတ်လ ၂၅ ရက်) ဖြစ်ပွားခဲ့တဲ့ ဈေးဝယ်စင်တာ မီးလောင်နေစဉ် လူအချို့က ပြတင်းပေါက်များမှ ခုန်ချခဲ့ကြကြောင်းလည်း သိရပါတယ်။

play


မီးလောင်မှုအတွင်း ဒဏ်ရာရသူ ဒါဇင်နဲ့ချီရှိခဲ့ပြီး ၃၇ ဦးကို ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ အစောပိုင်း သတင်းတွေက မီးလောင်မှုကြောင့် ကလေးငယ်သုံးဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

play


မီးစတင်လောင်ခဲ့တဲ့ အဆောက်အအုံရဲ့ လေးထပ်မှာ ကလေးကစားကွင်း အပါအဝင် ဖျော်ဖြေရေးနေရာနဲ့ ရုပ်ရှင်ရုံတစ်ခုရှိကြောင်း ဒေသခံ မီဒီယာက ဖော်ပြခဲ့ပြီး ကလေးများပိတ်မိနေနိုင်တယ်လို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် ရုပ်ရှင်ရုံနေရာမှ မျက်နှာကြတ်ပြိုကျမှု ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။ Winter Cherry အဆောက်အအုံ မီးလောင်မှုအတွင်း လူ ၂၀၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သူတွေက ပြောပါတယ်။


မီးလောင်မှုဖြစ်ခဲ့တဲ့ ဈေးဝယ်စင်တာကို ၂၀၁၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး အဆောက်အအုံထဲမှာ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များ၊ ရေနွေးချိုးခန်းတစ်ခု၊ ဘိုလင်းပစ်ကစားကွင်းနဲ့ ကလေးများအတွက် တိရိစ္ဆာန်ရုံတစ်ခု ပါဝင်ကြောင်း သိရပါတယ်။

တိရိစ္ဆာန်ရုံမှာ ပူးကောင်များ၊ ဆိတ်များ၊ ဖြူကောင်နဲ့ ကြောင်များ ပြသထားပြီး မီးလောင်မှုအတွင်း တိရိစ္ဆာန်များ သေဆုံးမှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

play


ဈေးဝယ်စင်တာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ကီမိုရိုဗိုဒေသဟာ မော်စကိုမြို့အရှေ့ဘက် မိုင် ၂,၂၀၀ ခန့်မှာ တည်ရှိပြီး ကျောက်မီးသွေးထုတ်လုပ်တဲ့ အဓိက ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိရသေးကြောင်းနဲ့ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေပြီလို့ အာဏာပိုင်တွေက ပြောထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD