AD
AD
AD

ရုရှားနိုင်ငံ မော်စကိုမြို့ အနောက်မြောက်ဘက်ရှိ မြို့တစ်မြို့မှာ အမှိုက်ပုံမှအနံ့ဆိုးများ ထွက်ရှိနေမှုကြောင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားကြောင်း သိရပါတယ်။

play


မော်စကိုမြို့နဲ့ ၇၅ မိုင်အကွာရှိ Volokolamsk မြို့မှာ ကျန်းမာရေးထိခိုက်စေနိုင်တဲ့ အမှိုက်ပုံအနံ့ဆိုးများ ထွက်ရှိနေမှုကြောင့် မြို့ခံထောင်နဲ့ချီပြီး ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ ယခုအခါ အဆိုပါမြို့မှာ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပြီး မျက်နှာဖုံးများ လိုက်လံဝေငှပေးနေတယ်လို့ ဆိုပါတယ်။

Volokolamsk မြို့မှာ လူဦးရေ ၂၀,၀၀၀ နေထိုင်လျက်ရှိပြီး မြို့အနီးရှိ သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ Yadrovo အမှိုက်ပုံနေရာကို ပိတ်ပင်ပစ်ရန် မြို့ခံတွေက တောင်းဆိုခဲ့ကြပါတယ်။ အမှိုက်ပုံမှထွက်နေတဲ့ အနံ့ဆိုးတွေကြောင့် ကျန်းမာရေးအန္တရာယ်ကို စိုးရိမ်နေရကြောင်း မြို့ခံတွေက ပြောပါတယ်။

play


Volokolamsk မြို့ရဲ့ လေထုအတွင်း ဟိုက်ဒရိုဂျင်ဆာလ်ဖိုက်ဒ် ပါဝင်မှုဟာ ပုံမှန်ထက် ၁၀ ဆအထိ များပြားနေကြောင်းလည်း ကြာသပတေးနေ့ (မတ်လ ၂၉ ရက်) မှာ တိုင်းတာခဲ့မှုအရ သိရပါတယ်။ အဆိုပါမြို့မှာ နေထိုင်ကြတဲ့ မိခင်တွေနဲ့ နို့စို့အရွယ် ကလေးငယ်တွေကို ဆေးရုံများသို့ ရွှေ့ပြောင်းပေးရန် စီစဉ်ထားတယ်လို့ ဆိုပါတယ်။

မတ်လ ၂၁ ရက်မှာ Volokolamsk မြို့မှ ကလေးငယ် ၅၇ ဦးဟာ မအီမသာဖြစ်ကာ ပျို့အန်းခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့ ဖြစ်ပွားခဲ့ပြီးနောက် ဆေးရုံသို့ပို့ဆောင်ခဲ့ရပါတယ်။ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်မှုအရ Volokolamsk မြို့အတွက်လိုအပ်တဲ့ ပစ္စည်းကိရိယာ၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့နဲ့ ယာယီနေရာထိုင်ခင်းတို့ကို ရုရှားဗဟိုအစိုးရထံမှ ရရှိမှာလည်း ဖြစ်ပါတယ်။

play


အရေးပေါ်အခြေအနေ ထုတ်ပြန်မှုအရ မြို့ခံတွေကို ခရီးသွားလာမှု ကန့်သတ်ခြင်းနဲ့ ပွဲအခမ်းအနားအချို့ကို ပယ်ဖျက်ခြင်တို့လည်း ဆောင်ရွက်နိုင်ကြောင်း သိရပါတယ်။ Yadrovo အမှိုက်ပုံနေရာဟာ Volokolamsk မြို့အပြင်ဘက် မိုင်အနည်းငယ်မျှသာ ကွာဝေးတဲ့နေရာမှာရှိပါတယ်။ အမှိုက်ပုံနေရာကို ပိတ်ပင်ပစ်ရန် မြို့ခံတွေရဲ့ တောင်းဆိုမှုကို အာဏာပိုင်တွေက ပယ်ချထားခဲ့ကြောင်းလည်း သိရပါတယ်။

အမှိုက်ပုံနေရာနဲ့ အနီးဆုံးရှိ နေအိမ်များမျာ နေထိုင်ကြသူတွေကို ပြောင်းရွှေ့ပေးရန် ဦးစားပေး ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မော်စကိုမြို့ အရှေ့မြောက်ဘက်ရှိ Klin မြို့မှာလည်း အလားတူ အမှိုက်ပုံအနံ့ဆိုးကြောင့် မြို့ခံတွေကြား စိုးရိမ်မှုတွေရှိနေကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD