AD
AD
AD

ဆီးရီးယားမှာ ဓာတုလက်နက်သုံးကြောင်း သံသယရှိတဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာပါက နှစ်နိုင်ငံကြား စစ်ပွဲအစပျိုးမှု ဖြစ်သွားနိုင်တယ်လို့ ရုရှားက သတိပေးလိုက်ပါတယ်။

play
ကုလသဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗက်ဆီလီ နာဗင်ဇီယာ


ကုလသဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗက်ဆီလီ နာဗင်ဇီယာ (Vassily Nebenzia) က ထိုသို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ၎င်းက "ကျွန်တော်တို့ ချက်ချင်း ဦးစားပေးလုပ်ဆောင်ရမှာက စစ်ပွဲအန္တရာယ်ကိုရှောင်လွှဲဖို့ပါ" လို့လည်း ကြာသပတေးနေ့ (ဧပြီ ၁၂ ရက်) ပြောခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးကို မတည်မငြိမ်ဖြစ်စေပြီး အခြေအနေဟာအလွန်အန္တရာယ်ရှိနေခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

play
ဒူမာမြို့တိုက်ခိုက်မှုဖြစ်ပြီးနောက် တွေ့ရသည့် ကလေးငယ်အချို့


အနောက်အုပ်စု အင်အားကြီးနိုင်ငံတွေက ဆီးရီးယားကို တိုက်ခိုက်ရန်ပြင်ဆင်နေပြီး ဆီးရီးယားရဲ့မဟာမိတ် ရုရှားက သတိပေးကန့်ကွက်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆီးရီးယားကို အရေးယူဆောင်ရွက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ၎င်းရဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေးအဖွဲ့နဲ့ ဧပြီ ၁၂ ရက်မှာ ဆွေးနွေးခဲ့ကြောင်းလည်း သိရပါတယ်။

play
ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ၊ အမေရိကန်သမ္မတထရန့်နှင့် ပြင်သစ်သမ္မတမက်ခ်ရွန်


ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က ဆီးရီးယားနိုင်ငံ ဒူမာမြို့မှာ ဓာတုလက်နက်သုံးကြောင်း သံသယဖြစ်ဖွယ် တိုက်ခိုက်မှုကို စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်မှုအဖြစ် ဆီးရီးယားကို 'ဒုံးကျည်တွေလာတော့မယ်' လို့ သမ္မတထရန့် ပြောကြားခဲ့ပြီး ဆီးရီးယားရဲ့မဟာမိတ် ရုရှားကိုလည်း ဆီးရီးယားသမ္မတ အာဆတ်နဲ့အတူ ရပ်တည်ရင်ဆိုင်ဖို့ အသင့်ပြင်ထားရန် သတိပေးခဲ့ပါတယ်။

play
ဆီးရီးယားမှာတွေ့ရသည့် ရုရှားသမ္မတ ပူတင်နှင့် ဆီးရီးယားသမ္မတ အာဆတ်ပုံကို ချိတ်ဆွဲထားမှု


ထရန့်က ထိုသို့ သတိပေးပြောကြားခဲ့ပြီးနောက် ဆီးရီးယာရဲ့ အဓိကမဟာမိတ် ရုရှားနိုင်ငံနဲ့ အနောက်အုပ်စုကြား ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်လာနိုင်ကြောင်း စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ အမေရိကန်သမ္မတထရန့်၊ ပြင်သစ်သမ္မတမက်ခ်ရွန်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေတို့ကြား ဆီးရီးယားကိုတိုက်ခိုက်ရန် ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့ကြောင်းလည်း သိရပါတယ်။

"ကံမကောင်းစွာနဲ့ပဲ ဖြစ်လာနိုင်သမျှအားလုံးကို ကျွန်တော်တို့ ထည့်မတွက်လို့ မရပါဘူး" လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်က ဆီးရီးယားအရေး လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ စစ်ပွဲဖြစ်လာနိုင်မှုကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

play
ဆီးရီးယားနိုင်ငံ ဒူမာမြို့တွင်း မြင်ကွင်းတစ်ခု


ထိုအတောအတွင်း ဆီးရီးယားကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှားကြားမှာ မဆုတ်သာမတိုးသာ ဖြစ်နေတဲ့ အခြေအနေကို ဖြေရှင်းကျော်လွှားနိုင်မယ့် နည်းလမ်းကို နှစ်နိုင်ငံက ရှာဖွေနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာဇာခါရော့ဗ် (Maria Zakharova) က ဆိုပါတယ်။

"အခုက ၂၀၁၈ မှာ နေနေကြတာပါ၊ ဆက်သွယ်ရေးလမ်းကြောင်းတွေ အမျိုးမျိုးရှိပါတယ်၊ Twitter အပါအဝင်ပေါ့၊ ဖုန်းဆက်၊ မက်ဆေ့ခ်ျပို့ပြီးလည်း ဖြေရှင်းနိုင်ပါတယ်၊ ဒီကိစ္စကို ဆက်သွယ်ရေးလမ်းကြောင်းကနေတစ်ဆင့် ဖြေရှင်းသင့်ပါတယ်၊ စစ်တပ်တွေကနေ မဟုတ်ပါဘူး" လို့ မာရီယာဇာခါရော့ဗ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

- ဆီးရီးယားကို ဒုံးကျည်တွေလာတော့မယ်လို့ သတိပေးလိုက်တဲ့ ဒေါ်နယ်ထရန့်

ဆီးရီးယားမှာ ဓာတုလက်နက်ဖြင့်တိုက်ခိုက်မှုကို ပြင်းထန်စွာ တုံ့ပြန်သွားမယ်လို့ ဒေါ်နယ်ထရန့် ပြောကြား

ဆီးရီးယားမှာ ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်လို့ ထရန့် သတိပေး

ဆီးရီးယားမှာ သူပုန်ထိန်းချုပ်ရာမြို့ကို ဓာတုလက်နက်ဖြင့်တိုက်ခိုက်မှုကြောင့် လူ ၇၀ ထက်မနည်း သေဆုံးဟုဆို

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD