International News: ဘန်ကောက်မှာ ပေါက်ကွဲမှုဖြစ်ကြောင်း ဖေ့စ်ဘွတ်က မှားယွင်းသတ်မှတ်ပြီး Safety Check ဖွင့်ပေးခဲ့

ဖေ့စ်ဘွတ်က သတင်းဝက်ဘ်ဆိုက် အချို့မှာဖော်ပြထားတဲ့ လင့်ခ်တွေကို ရည်ညွန်းဖော်ပြပြီး ဒီဇင်ဘာ ၂၇ ရက် ညပိုင်းက ဘန်ကောက် ဗုံးပေါက်ကွဲမှုအတွက် Safety Check ဖွင့်ပေးခဲ့ပါတယ်။

play


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပေါက်ကွဲမှုဖြစ်ကြောင်း ဖေ့စ်ဘွတ်က မှားယွင်းသတ်မှတ်ပြီး အသုံးပြုသူတွေအတွက် Safety Check ဖွင့်ပေးခဲ့မှု ဖြစ်ခဲ့ပါတယ်။ အမှန်တကယ်မှာမူ ဘန်ကောက်မြို့မှာ မည်သည့်ပေါက်ကွဲမှုမျှ မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

  play


ဘန်ကောက်မှာ ပေါက်ကွဲမှုဖြစ်တာကြောင့် ဘန်ကောက်မှာရှိနေတဲ့ အသုံးပြုသူတွေ အန္တရာယ်ကင်း မကင်း သူငယ်ချင်းတွေကို အသိပေးနိုင်တဲ့ Safety Check ကို ဖေ့စ်ဘွတ်က ဖွင့်ပေးခဲ့မိတာ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်က သတင်းဝက်ဘ်ဆိုက် အချို့မှာဖော်ပြထားတဲ့ လင့်ခ်တွေကို ရည်ညွန်းဖော်ပြပြီး ဒီဇင်ဘာ ၂၇ ရက် ညပိုင်းက ဘန်ကောက် ဗုံးပေါက်ကွဲမှုအတွက် Safety Check ဖွင့်ပေးခဲ့ပါတယ်။


ဖေ့စ်ဘွတ် Safety Check က Bangkok Informer ဝက်ဘ်ဆိုက်မှာ တင်ထားခဲ့တဲ့ ဘီဘီစီသတင်းကိုလည်း ရည်ညွန်းဖော်ပြခဲ့တာ တွေ့ရပါတယ်။ အမှန်တကယ် ဘီဘီစီသတင်းမှာ ၂၀၁၅ ခုနှစ်က ဘန်ကောက်မြို့ရှိ ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး Bangkok Informer ဝက်ဘ်ဆိုက်က အဆိုပါသတင်းကို ပြန်တင်ခဲ့ပြီး နေ့စွဲကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်အဖြစ် ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

play
၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်က ဘန်ကောက်မြို့ ဧရာဝဏ်နတ်ကွန်းမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့စဉ်


ဖေ့စ်ဘွတ်က Safety Check မှားယွင်းဖော်ပြခဲ့ပြီး တစ်နာရီအကြာမှာ ပြန်ပိတ်ခဲ့ကြောင်း သိရပါတယ်။ Bangkok Informer ဝက်ဘ်ဆိုက်မှာ အခြားသတင်းဌာနတွေရဲ့ သတင်းတွေကို အလိုအလျောက်ရယူ ဖော်ပြနေတဲ့ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။
Source & Photo: CNA, Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ