AD
AD
AD

အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ဇာတ်နိမ့်မျိုးနွယ်စု ထောင်ပေါင်းများစွာပါဝင်တဲ့ အကြမ်းဖက်ဆန္ဒပြမှုများ ဧပြီ ၂ ရက်မှာ ပေါ်ပေါက်ခဲ့ပြီး လူခုနစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယတရားရုံးချုပ်က ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်အမိန့်ဟာ ဇာတ်နိမ့်မျိုးစုတွေကို အကာအကွယ်ပေးရန် ပြဌာန်းထားတဲ့ ဥပေဒကို အားနည်းသွားစေနိုင်ကြောင်း ဆန္ဒပြသူတွေက ပြောခဲ့ပါတယ်။

play


ပြည်ထောင်စုအစိုးရက တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်အမိန့်ကို ပြန်လည်သုံးသပ်ရန် ပြောထားတယ်လို့ ဆိုပါတယ်။ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်က SC/ST ဥပဒေလို့ လူသိများကြတဲ့ Scheduled Caste and Scheduled Tribe (Prevention of Atrocities) ဥပဒေကို အလွဲသုံးစားပြုမှုတွေ ရှိခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ဇာတ်နိမ့်မျိုးနွယ်စုတွေရဲ့ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေကြောင့် အိန္ဒိမှာ ရထားဝန်ဆောင်မှုများ ရပ်ဆိုင်းခဲ့ရပြီး အချို့လမ်းမများ ပိတ်ဆို့ခဲ့ကာ ပြည်နယ်အများအပြားမှာ ဆန္ဒပြမှုတွေကနေ အကြမ်းဖက်ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ကြောင်းလည်း သိရပါတယ်။

play


အိန္ဒိယမှာ ဇာတ်အနိမ့်အမြင့်ခွဲခြားမှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတွေဟာ ပြဿနာတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် တစ်နှစ်တည်းမှာပင် ဇာတ်နိမ့်မျိုးနွယ်စုတွေကို တိုက်ခိုက်တဲ့ရာဇဝတ်မှု ၄၀,၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်းလည်း သိရပါတယ်။ ဇာတ်နိမ့်မျိုးနွယ်စု ခေါင်းဆောင်တွေက အစိုးရက ၎င်းတို့ကို ပိုမိုထိခိုက်ခံရစေနိုင်ရန် လုပ်ဆောင်ခဲ့ကြောင်း ပြောကြပါတယ်။

play


"SC/ST ဥပေဒက အိန္ဒိယမှာ ဇာတ်နိမ့်တွေကို အကာအကွယ်ပေးထာတာပါ၊ ဒီဥပဒေက ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းကို ဆန့်ကျင်ပြီး ခွဲခြားဆက်ဆံမှုအားလုံးကို ပြစ်မှုမြောက်တယ်လို့ သတ်မှတ်ထားပါတယ်၊ အခု တရားရုံးချုပ်က ဆုံးဖြတ်ချက်အမိန့်ကြောင့် ဒီဥပဒေအရ အရေးယူဆောင်ရွက်နိုင်မှုတွေ အဆုံးသတ်သွားနိုင်ပါတယ်၊ ဒါကို ကျွန်တော်တို့အားလုံး အံ့အားသင့် တုန်လှုပ်မိပါတယ်" လို့ အိန္ဒိယဇာတ်နိမ့်မျိုးနွယ်စု အဖွဲ့အစည်းအားလုံးရဲ့ အထွေထွေအတွင်းရေးမှူး ကေပီချောင်ဒရီက ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD