International News: ရည်းစားဟောင်းနှင့် အသံကအစ ထပ်တူကျသည့် Sex Robot များ ဝယ်ယူနိုင်သည့်ခေတ် ရောက်တော့မည်

ကိုယ်သဘောကျသူနဲ့ တစ်ပုံစံတည်းထပ်တူကျတဲ့ စက်ရုပ်မျိုးတွေကို အလွယ်တကူ မှာယူနိုင်တော့မယ့် အချိန် ရောက်လာတော့မှာပါ။

play

 

ကိုယ်သဘောကျသူ တစ်စုံတစ်ယောက်ရဲ့ ပုံပန်းသွင်းပြင်အတိုင်း ချွတ်စွပ်တူတဲ့ Sex Robot တွေကို မှာယူလို့ရတဲ့ခေတ်ဟာ သိပ်မကြာခင် ရောက်လာတော့မှာ ဖြစ်ကြောင်း ကျွမ်းကျင်သူပညာရှင်တွေက အခိုင်အမာ ပြောလိုက်ပါတယ်။

ကိုယ်သဘောကျသူ တစ်စုံတစ်ယောက် သို့မဟုတ် လွမ်းဆွတ်နေရတဲ့ ကိုယ်ရဲ့အချစ်ဟောင်းရဲ့ ပုံစံနဲ့ တစ်ပုံစံတည်းဆင်တူတဲ့ လိင်ပိုင်းဖျော်ဖြေမှုဆိုင်ရာစက်ရုပ်တွေကို အလွယ်တကူမှာယူနိုင်တော့မယ့် လမ်းကြောင်းပေါ်ကို ရောက်နေပြီလို့ သိရပါတယ်။ စက်ရုပ်များနှင့် လိင်မှုဗေဒအချစ် ဆိုတဲ့စာအုပ်ကို ရေးသားသူ စာရေးဆရာ ဒေးဗစ်လီဗိုင်းကတော့ ဒီအခြေအနေကို ရောက်လာဖို့ ဘယ်သူကမှ တားဆီးနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ထားပါတယ။်

play

 

" ဒီလိုစက်ရုပ်တွေကို ထုတ်လုပ်ဖြန့်ဖြူးမှုနဲ့အတူ နည်းပညာတွေဟာ တိုးတက်ပြီးအဖွံ့ဖြိုးဆုံးရောက်လာတဲ့အချိန်ကျရင် တားဆီးနိုင်ကြမှာ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ ရည်းစားဟောင်း ကောင်လေးက ခင်ဗျားနဲ့ တစ်ပုံစံတည်းတူရုံသာမက ခန္ဓာကိုယ်အချိုးအစားခြင်းပါတူပြီး အသံကအစ ထပ်တူကျတဲ့ Sex Robots တွေကိုမှာယူပြီဆိုရင်ခင်ဗျားလည်း တားဆီးနိုင်မှာ မဟုတ်ဘူး" လို့ စာရေးဆရာ ဒေးဗစ်လီဗိုင်းက The Daily Star သတင်းစာကို ပြောကြားခဲ့တာပါ။

play

 

ဓာတ်ပုံရှိရုံနဲ့ အပြင်က လူတစ်ယောက်ပုံစံအတိုင်း ဖန်တီးလို့ရတဲ့နည်းပညာဟာ လက်တကမ်းမှာ ရောက်ရှိနေပြီဖြစ်ပြီး သာမန်လူတွေအနေနဲ့ နာမည်ကျော် ဆယ်လီတွေလို ပုံရိပ်မူပိုင်ခွင့် ရရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ လာမယ့်နှစ်မှာဆိုရင် အပြင်က လူနဲ့အတော်တူတဲ့ Sex Robot တွေကို ပေါင် ၁၂၀၀၀ ခန့်နဲ့ မှာယူနိုင်တော့မယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက သတင်းထွက်လာပါသေးတယ်။

Source : The Sun

Sex Robots ထုတ်လုပ်ရောင်းချခြင်းကို သင်ဘယ်လိုထင်ပါသလဲ။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ