AD
AD
AD

ကလေးအများအပြား အပါအဝင် လူ ၆၄ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသရှိ ဈေးဝယ်စင်တာ မီးလောင်မှုဖြစ်ပွားစဉ် မီးအန္တရာယ်သတိပေးမှု မရှိခဲ့ကြောင်းနဲ့ အဆောက်အအုံရဲ့ ထွက်ပေါက်တွေကို ပိတ်ထားခဲ့ကြောင်း စုံစမ်းစစ်ဆေးသူတွေနဲ့ မျက်မြင်တွေ့ရှိခဲ့သူတွေက ပြောပါတယ်။

play


ဆိုက်ဘေးရီးယားဒေသ ကီမိုရိုဗိုမြို့ရှိ ဈေးဝယ်စင်တာမှာ မတ်လ ၂၅ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီဝန်းကျင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ဈေးဝယ်စင်တာ မီးလောင်မှုအတွင်း သေဆုံးခဲ့သူတွေအနက် ကလေးငယ် အများအပြားပါဝင်ခဲ့ကြောင်း သိရပါတယ်။

play


မီးလောင်နေစဉ် လူအချို့က ဈေးဝင်စင်တာ အဆောက်အအုံ ပြတင်းပေါက်များမှ ခုန်ချခဲ့ကြတယ်လို့ ဆိုပါတယ်။ မီးလောင်မှုဖြစ်ခဲ့တဲ့ ဈေးဝယ်စင်တာကို ၂၀၁၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး အဆောက်အအုံထဲမှာ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များ၊ ရေနွေးချိုးခန်းတစ်ခု၊ ဘိုလင်းပစ်ကစားကွင်းနဲ့ ကလေးများအတွက် တိရိစ္ဆာန်ရုံတစ်ခု ပါဝင်ကြောင်း သိရပါတယ်။

play


မီးလောင်မှုဖြစ်ခဲ့စဉ်မှာ ဈေးဝယ်စင်တာရှိ ဘိုးလင်းပစ်ကစားကွင်းနဲ့ ရုပ်ရှင်ရုံတို့မှာ လူအများအပြား ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ စုံစမ်းစစ်ဆေးခဲ့မှုအရ မီးလောင်မှုဖြစ်ကြောင်း သိခဲ့ရပြီးနောက် ဈေးဝယ်စင်တာ ဖွင့်လှစ်ထားတဲ့ Winter Cherry အဆောက်အအုံမှ သက်ဆိုင်ရာဝန်ထမ်းတစ်ဦးက မီးအန္တရာယ် သတိပေးစနစ်ကို ပိတ်ပစ်ခဲ့ကြောင်း သိရပါတယ်။

ဈေးဝယ်စင်တာ မီးလောင်မှုနဲ့ ပတ်သက်ပြီး မီးဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဝန်ထမ်းနှစ်ဦး၊ Winter Cherry အဆောက်အအုံရဲ့ နည်းပညာဆိုင်ရာတာဝန်ရှိသူနဲ့ မီးလောင်မှုစတင်ခဲ့တဲ့နေရာမှ လုပ်ငန်းမန်နေဂျာတို့ကို ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေပါတယ်။

play


မီးလောင်မှုအတွင်း ပျောက်ဆုံးနေသူတွေ ကျန်ရှိနေသေးတယ်လို့လည်း သတင်းတွေက ပြောပါတယ်။ သေဆုံးသူတွေရဲ့ အလောင်းတွေအနက် ၁၇ ခုကို မည်သူဖြစ်ကြောင်း ခွဲခြားအတည်ပြုနိုင်ခဲ့ပြီး ဖြစ်တယ်လို့ အရေးပေါ်ဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဈေးဝယ်စင်တာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ကီမိုရိုဗိုဒေသဟာ မော်စကိုမြို့အရှေ့ဘက် မိုင် ၂,၂၀၀ ခန့်မှာ တည်ရှိပြီး ကျောက်မီးသွေးထုတ်လုပ်တဲ့ အဓိက ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

ယခင်သတင်း - ရုရှားဈေးဝယ်စင်တာမီးလောင်မှုကြောင့် ကလေးများအပါအဝင် ၆၄ ဦးထက်မနည်း သေဆုံး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD