AD
AD
AD

စင်ကာပူလေကြောင်းလိုင်း (Singapore Airlines - SIA) မှ ခရီးသည်တင် လေယာဉ်တစ်စီးဟာ အင်ဂျင်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် မြန်မာနိုင်ငံ မန္တလေးမြို့မှာ ဆင်းသက်ခဲ့ရတယ်လို့ လေကြောင်းလိုင်းက ယနေ့ (ဖေဖေဖ်ါဝါရီ ၇ ရက်) သတင်းထုတ်ပြန်ခဲ့ပါတယ်။

play


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှ ပျံသန်းလာခဲ့တဲ့ ခရီးစဉ်အမှတ် SQ449 လေယာဉ်ဟာ အင်ဂျင်တစ်လုံး ချွတ်ယွင်းမှု ဖြစ်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ ယနေ့ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်က ဆင်းသက်ခဲ့ရကြောင်း သိရပါတယ်။ SQ449 လေယာဉ်ပေါ်မှာ ခရီးသည် ၁၉၀ လိုက်ပါလာခဲ့ကြောင်း စင်ကာပူအခြေစိုက် CNA သတင်းက ဖော်ပြခဲ့ပါတယ်။

play


Airbus 330 ခရီးသည်တင်လေယာဉ် အင်ဂျင်ချွတ်ယွင်းမှုကို ပြင်ဆင်ရန်အတွက် အချိန်လိုအပ်ကြောင်းနဲ့ အစားထိုးပျံသန်းမယ့်လေယာဉ်ဟာ မန္တလေးမြို့ကို ရောက်ရှိလာမယ်လို့ စင်ကာပူလေကြောင်းလိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

play


အစားထိုးပျံသန်းမယ့် လေယာဉ်ဟာ မန္တလေးမြို့ကနေ ကြာသပတေးနေ့ (ဖေဖေါ်ဝါရီ ၈ ရက်) မနက် ၁၂ နာရီ ၁၀ မိနစ်မှာ ထွက်ခွာနိုင်မယ်လို့ ခန့်မှန်းထားကြောင်း SIA က စင်ကာပူအခြေစိုက် CNA သတင်းဌာနကို ပြောခဲ့ပါတယ်။

SQ449 လေယာဉ်ဟာ စင်ကာပူကို ဒေသစံတော်ချိန် ဖေဖေါ်ဝါရီ ၈ ရက် မနက် ၄ နာရီ ၄၀ မိနစ်မှာ ဆိုက်ရောက်မယ်လို့ ဆိုပါတယ်။ လေယာဉ်ဟာ ပုံမှန်ထက် ၁၀ နာရီခန့် နှောင့်နှေးမှုဖြစ်ခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD