ထိုင်းနိုင်ငံမှာ လာမယ့် ဒီဇင်ဘာ ၁၅ ရက်မှစပြီး မိုဘိုင်းဖုန်း SIM ကတ် ဝယ်ယူအသုံးပြုပါက မျက်နှာမှတ်သားစနစ် သို့မဟုတ် လက်ဗွေရာမှတ်သားစနစ်ဖြင့် မှတ်ပုံတင်ရမယ်လို့ ဆက်သွယ်ရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှု အဖွဲ့အစည်းက နိုဝင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပြောကြားပါတယ်။

play


အီလက်ထရောနစ်စနစ်သုံး လိမ်လည်မှုတွေကို တိုက်ဖျက်ရန်နဲ့ မိုဘိုင်ဘဏ်လုပ်ငန်းကို တွန်းအားပေးမြှင့်တင်ရန် ရည်ရွယ်ပြီး SIM ကတ်များ မှတ်ပုံတင်မှုကို ပိုမိုတိကျစေရန် ပြောင်းလဲဆောင်ရွက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့က ဒစ်ဂျစ်တယ်ခေတ်ကို ရောက်နေပါပြီ၊ ကျွန်တော်တို့ရဲ့ ငွေတွေက အခုဆို မိုဘိုင်းဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ထားတာပါ၊ အခုလို SIM ကတ် မှတ်ပုံတင်စနစ် ပြောင်းလဲလိုက်တာက မိုဘိုင်းဘဏ်စနစ်နဲ့ ငွေပေးချေစနစ်တွေအပေါ် ယုံကြည်စိတ်ချရမှု ပိုရှိလာမှာ ဖြစ်ပါတယ်" လို့ ထိုင်းနိုင်ငံ National Broadcasting and Telecommunications Commission (NBTC) အဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး သာခွန်တန်တာဆစ်သ်က ပြောပါတယ်။

play


"တချို့တွေက SIM ကတ် ဝယ်သုံးတဲ့အခါ ကိုယ်ရေးအချက်အလက် အတုတွေ အသုံးပြုခဲ့ကြတယ်၊ အဲဒါက ပြဿနာဖြစ်စေပါတယ်" လို့ ၎င်းက ပြောပါတယ်။

SIM ကတ်တွေကို biometric စနစ်သုံးပြီး မှတ်ပုံတင်စေရမှာ ကာယကံရှင်ရဲ့ အချက်အလက်တွေကို လုံခြုံစွာ ထိန်းသိမ်းထားမယ်လို့လည်း NBTC အထွေထွေအတွင်းရေးမှူးက ဆိုပါတယ်။

SIM ကတ် မှတ်ပုံတင်စနစ်မှ လက်ဗွေရာနဲ့ မျက်နှာမှတ်သားထားမှုတွေကို ထိုင်းနိုင်ငံသား မှတ်ပုံတင်ကတ်နဲ့ ချိတ်ဆက်ထားတဲ့ အစိုးရမှတ်တမ်းဖြင့် တိုက်ဆိုင်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။


ထိုင်းနိုင်ငံကို လာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေကိုလည်း မိုဘိုင်းဖုန်း SIM ကတ် ဝယ်ယူအသုံးပြုရာမှာ မျက်နှာမှတ်သားစနစ်သုံးပြီး ၎င်းတို့ရဲ့ ပတ်စ်ပို့ဓာတ်ပုံဖြင့် တိုက်ဆိုင်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

SIM ကတ် ဝယ်ယူအသုံးပြုမှုကို ကြပ်မတ်ဆောင်ရွက်မှု မရှိခဲ့ခြင်းကြောင့် တရုတ်အမျိုးသားတွေက အင်တာနက်ဝက်ဘ်ဆိုက်တွေမှာ ကုန်ပစ္စည်းကြော်ငြာကဲ့သို့ အကြောင်းအရာတွေကို အတုအယောင် ကလစ်နှိပ်ပေးတဲ့ 'click firm' တစ်ခုအတွက် ထိုင်း SIM ကတ် ၄၀၀,၀၀၀ နီးပါးအထိ ဝယ်ယူရန် စီစဉ်ခဲ့ကြကြောင်းနဲ့ ၎င်းတို့ကို ယခုနှစ် ဇွန်လအတွင်း ဖမ်းဆီးခဲ့ကြောင်းလည်း သိရပါတယ်။

play


ထိုင်းအာဏာပိုင်တွေက SIM ကတ် မှတ်ပုံတင်ရာမှု စည်းမျဉ်းအသစ်ကို ယခုနှစ် ဇွန်လအတွင်းက ခွဲထွက်ရေးသူပုန်များ တိုက်ခိုက်မှုတွေရှိနေတဲ့ တောင်ပိုင်းဒေသမှာ စတင်ကျင့်သုံးစေခဲ့တာ ဖြစ်ပါတယ်။

ထိုင်းတောင်ပိုင်းဒေသမှာ ၂၀၀၄ ခုနှစ်ကစပြီး ခွဲထွက်ရေးသူပုန်တွေရဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း  ၆,၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။

သူပုန်တွေက မလေးမွတ်စလင်မ်တွေ အဓိက နေထိုင်ရာဒေသတွေဖြစ်တဲ့ ယာလာ၊ ပတ်တနီနဲ့ နာရာသီဝပ်တို့မှာ ဗုံးခွဲတိုက်ခိုက်မှုတွေကို ကြိုတင်ငွေဖြည့် မိုဘိုင်းဖုန်း SIM ကတ်များသုံးပြီး ပြုလုပ်ခဲ့ကြကြောင်း ထိုင်းအာဏာပိုင်တွေက ပြောထားပါတယ်။

ထိုင်းနိုင်ငံက ပြောင်းလဲကျင့်သုံးသွားမယ့် biometric စနစ်သုံး SIM ကတ် မှတ်ပုံတင်မှုကို ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗီးယားနဲ့ ပါကစ္စတန်တို့မှာလည်း ကျင့်သုံးနေကြောင်း သိရပါတယ်။ 4

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video