AD
AD
AD

လော့စ်အိန်ဂျလိစ်မြို့အရှေ့ပိုင်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့အိပ်ခန်းအတွင်း အိပ်ပျော်နေစဉ် နေအိမ်ကို ကားဝင်တိုက်ခဲ့မှုကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

play
နေအိမ်ကို ကားဝင်တိုက်မှုကြောင့် အိပ်ပျော်နေစဉ် သေဆုံးခဲ့သူ


KTLA-TV သတင်းမှာ ဖော်ပြခဲ့မှုအရ အသက် ၄၇ နှစ်အရွယ် ဆိုဖီယာဇာပီယန် အမည်ရှိ အမျိုးသမီးဟာ မိုရီနိုဗီလီရှိ နေအိမ်မှာ အိပ်ပျော်နေစဉ် သူမရဲ့အိပ်ခန်းကို တနင်္လာနေ့ (မတ်လ ၁၉ ရက်) ဒေသစံတော်ချိန် မနက် ၅ နာရီခွဲဝန်းကျင်မှာ ကားဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်

play


ကားတိုက်မှုကြောင့် အိပ်ပျော်နေတဲ့ အမျိုးသမီးဟာ နေရာမှာတင် သေဆုံးခဲ့ပါတယ်။ နေအိမ်ကို ကားဝင်တိုက်မှုအတွင်း ကားမောင်နှင်သူကတော့ ဒဏ်ရာမရခဲ့ပါဘူး။ ရဲတပ်ဖွဲ့က ကားမောင်းသူကို ဖမ်းဆီးခဲ့ပေမဲ့ ၎င်းနဲ့ပတ်သက်ပြီး အချက်အလက်တွေကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

play


ဆိုဖီယာရဲ့ အိမ်နီးချင်းဖြစ်သူ Sheryl Henry က ဝင်တိုက်ခဲ့တဲ့ Ford Mustang ကားဟာ တစ်စီးလုံးနီးပါး နေအိမ်ထဲကို ဝင်သွားခဲ့ကြောင်း ပြောပါတယ်။ သေဆုံးခဲ့တဲ့ ဆိုဖီယာရဲ့ အဒေါ်ဖြစ်သူက အိပ်ခန်းကို ကားဝင်တိုက်ခဲ့တဲ့အရှိန် အလွန်ပြင်းခဲ့ကြောင်းနဲ့ အိပ်ခန်းအတွင်း ပစ္စည်းများအားလုံး ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD