International News: Snapchat မှာ သမီးငယ်ရဲ့ နောက်ပြောင်ခံခဲ့ရတဲ့ သမ္မတအိုဘားမား

သမီးငယ်ဖြစ်သူ ဆာရှာက Snapchat ကို ဘယ်လိုသုံးရမယ်ဆိုတာလည်း သူ့ကို ညွှန်ကြားပြသခဲ့တယ်လို့ အိုဘားမားက ဆိုပါတယ်။

play
Snapchat မှာ သမီးငယ် နောက်ပြောင်တာ ခံလိုက်ရသည့် အိုဘားမား


သမီးငယ်ဖြစ်သူက Snapchat မှာ သူ့ကို နောက်ပြောင်တဲ့ပို့စ် လွှင့်တင်ခဲ့ကြောင်း အမေရိကန်သမ္မတ ဘာရတ်အိုးဘားမားက ဖွင့်ဟပြောကြားခဲ့ပါတယ်။

play
အမေရိကန်သမ္မတအိုဘားမားရဲ့ သမီးငယ်ဆာရှာ


မိသားစု ညစာစားနေစဉ် သမီးငယ် ဆာရှာက အိုဘားမားကို မှတ်တမ်းတင်ထားခဲ့ပြီး Snapchat ပေါ်မှာ တိတ်တဆိတ် လွှင့်တင်နောက်ပြောင်ကာ သူမရဲ့ သူငယ်ချင်းတွေထံ မျှဝေခဲ့တယ်လို့ ဆိုပါတယ်။

play
အမေရိကန်သမ္မတကတော်ရဲ့ Snapchat


အသက် ၁၅ နှစ်အရွယ် သမီးငယ်ရဲ့ အွန်လိုင်းအသုံးပြုမှုနဲ့ ပတ်သက်ပြီး အိုဘားမားက အခုလို ပြောဆိုမှုဟာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း သိရပါတယ်။

play
အမေရိကန်သမ္မတ ဘာရတ် အိုဘားမား မိသားစု


ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း တွစ်တာမှာ ရေးသားခဲ့တာကြောင့် သတင်းမီဒီယာတွေက သူမရဲ့အကောင့်ကို သိရှိနိုင်ရန် ကြိုစားခဲ့ကြတယ်လို့ အိုဘားမားက ပြောပါတယ်။

သမ္မတအိုဘားရဲ့ သမီးငယ်ဖြစ်သူ အကောင့်ကို သတင်းမီဒီယာတွေ မသိရှိနိုင်သေးဘဲ လျှို့ဝှက်ဖြစ်နေဆဲ ဖြစ်ပါတယ်။ သမီးငယ်ဖြစ်သူ ဆာရှာက Snapchat ကို ဘယ်လိုသုံးရမယ်ဆိုတာလည်း သူ့ကို ညွှန်ကြားပြသခဲ့တယ်လို့ အိုဘားမားက ဆိုပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ