AD
AD
AD

ရာထူးမှဖြုတ်ချခံရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွမ်ဟေးရဲ့သူငယ်ချင်း ချိုဆွန်ဆေးလ်ကို အဂတိလိုက်စားမှု၊ မလျော်သြဇာသုံးမှုနဲ့ အာဏာအလွဲသုံးမှုတို့ဖြင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း သိရပါတယ်။

play
ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရသည့် ချိုဆွန်ဆေးလ်


အသက် ၆၁ နှစ်အရွယ် ချိုဆွန်ဆေးလ်ဟာ တောင်ကိုရီးယားရဲ့ ပထမဆုံးအမျိုးသမီးသမ္မတ ပတ်ဂွမ်ဟေးကို ရာထူးမှဖယ်ရှားခံရတဲ့အထိ ဖြစ်စေခဲ့တဲ့ အဂတိလိုက်စားမှု အရှုပ်အထွေးမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

ချိုဆွန်ဆေးလ်က သမ္မတအဖြစ်မှ စွပ်စွဲပြစ်တင်ပြီး ဖယ်ရှားခံခဲ့ရတဲ့ ပတ်ဂွမ်ဟေးကို နှစ်အတန်ကြာ အနီးကပ် အကြံဉာဏ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

အဂတိလိုက်စားမှု စွဲချက်တွေနဲ့ပတ်သက်ပြီး ပတ်ဂွမ်ဟေးကတော့ ငြင်းဆိုထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ သမ္မတဟောင်း ပတ်ဂွမ်ဟေးကို ဖမ်းဆီးထိန်းသိမ်းထားပြီး တရားရုံးကြားနာစစ်ဆေးမှုများ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

play
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သမ္မတဟောင်း ပတ်ဂွမ်ဟေး


ဆိုးလ်ခရိုင်တရားရုံးက ပတ်ဂွမ်ဟေးရဲ့သူငယ်ချင်း ချိုဆွန်ဆေးလ်ကို ထောင်ဒဏ်အပြင် ဒဏ်ငွေအဖြစ် ကိုရီးယားဝမ်ငွေ ၁၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆.၆ သန်း) ပေးဆောင်ရန်လည်း အမိန့်ချခဲ့ကြောင်း သိရပါတယ်။

ချိုဆွန်ဆေးလ်က သမ္မတရဲ့သူငယ်ချင်းဖြစ်မှုကို အသုံးချပြီး Samsung အီလက်ထရောနစ်ကုမ္ပဏီနဲ့ Lotte အုပ်စု အပါအဝင် တောင်ကိုရီးယား ထိပ်တန်းစီးပွားရေးလုပ်ငန်းကို ဖိအားပေးကာ ၎င်း စီမံခန့်ခွဲနေတဲ့ ဖောင်ဒေးရှင်းနှစ်ခုအတွက် ငွေကြေးထောက်ပံ့ရန် ဖိအားပေးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

play
ဒိန်းမတ်မှာ ဖမ်းဆီးခံရပြီးနောက် တောင်ကိုရီးယားသို့ ရောက်ရှိလာသည့် ချိုဆွန်ဆေးလ်ရဲ့သမီး


ချိုဆွန်ဆေးလ်ရဲ့ ပြစ်မှုဟာကြီးလေးကြောင်း၊ သမ္မတပတ်ဂွမ်ဟေးနဲ့ အသုံးချပြီး လာဘ်ငွေတောင်းမှုနဲ့ နိုင်ငံရေးကိစ္စတွေမှာ ပါဝင်စွက်ဖက်ခဲ့မှုတွေ ကျူးလွန်ခဲ့ပါတယ်လို့ တရားရုံးက ပြောထားပါတယ်။

ချိုဆွန်ဆေးလ်ကို အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး သီးခြားပြစ်မှုတစ်ခုအတွက် အစောပိုင်းမှာ ထောင်ဒဏ်သုံးနှစ် ချမှတ်ထားခဲ့သေးကြောင်းလည်း သိရပါတယ်။

သူမရဲ့ လုပ်ပိုင်ခွင့်ကိုသုံးပြီး သမီးဖြစ်သူအတွက် အခွင့်အရေးရအောင် လုပ်ဆောင်ခဲ့မှုအတွက်လည်း ချိုဆွန်ဆေးလ်မှာ အပြစ်ရှိကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

play
Samsung အကြီးအကဲ လီဂျေယောင်း


အသက် ၆၆ နှစ်အရွယ် သမ္မတဟောင်း ပတ်ဂွမ်ဟေး ပတ်သက်နေတဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး Samsung ကုမ္ပဏီ ဆက်ခံသူနဲ့ အကြီးအကဲ လီဂျေယောင်းကိုလည်း ထောင်ဒဏ်ချမှတ်ခဲ့ပေမဲ့ အယူခံတရားရုံးက ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ပေးခဲ့တာကြောင့် ဖေဖေါ်ဝါရီ ၅ ရက်မှာ ထောင်မှလွတ်မြောက်ခဲ့ပါတယ်။

အသက် ၄၉ နှစ်အရွယ် လီဂျေယောင်းဟာ ယမန်နှစ် ဖေဖေါ်ဝါရီလအတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ အဂတိလိုက်စားမှု အရှုပ်အထွေးကြောင့် ရာထူးမှဖယ်ရှားခံခဲ့ရတဲ့ သမ္မတဟောင်းပတ်ဂွမ်ဟေးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး ယခုအချိန်ထိ စွဲချက် ၂၁ ခုဖြင့် စွဲချက်တင်ထားပါတယ်။ ပတ်ဂွမ်းဟေရဲ့အမှုကို ယခုနှစ်ကုန်ပိုင်းမှာ အမိန့်ချမှတ်သွားဖွယ်ရှိကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD